26 April 2024

ထိုင်းနိုင်ငံတွင်ဗုဒ္ဓဘာသာဝင်သူတော်စင်များအပါအဝင် အခြားဘာသာဝင်များကြည်ညိုလေးစားခြင်းကို ခံရသော စထီယန်းဓမ္မစဌာန်းတရားစခန်းကိုတည်ထောင်ခဲ့သူ သီလရှင် ဆန်းစနီ စထီယန်းသုတိ ကွယ်လွန်ပြီဟု စထီယန်း ဓမ္မစဌာန်းလူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့ (ဒီဇင်ဘာ ၇) က ဖော်ပြထား သည်။

 

သီလရှင်ဆန်းစနီသည် ၂၀၁၇ ခုနှစ်တွင် အစာအိမ်ကင်ဆာခံစားရ၍ ဆေးကုသမှုခံယူပြီးနောက်ပြန် လည်သက်သာလာသော်လည်း ၂၀၂၀ ခုနှစ်တွင်ကင်ဆာအကျိတ်ပြန်လည်တွေ့ရှိခဲ့ပြီး ဒုတိယအကြိမ် ဆေးကုသမှုခံယူခဲ့ရသည်။

 

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် အားအင်ချည့်နဲ့လာ၍ ဆေးရုံပို့ဆောင်ခဲ့ရာ ကင်ဆာအကျိတ်များကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး သီလရှင်၏ဆန္ဒအတိုင်းတရားစခန်းသို့ပြန်

လည့်ပို့ဆောင်ပေးခဲ့ကာ အနားယူစေခဲ့သည်။

 

ထို့နောက် ဒီဇင်ဘာ ၇ ရက်နေ့ ညနေ ၁၈.၂၃ နာရီအချိန်တွင် ကွယ်လွန်သွားပြီး ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ် ၁ လ ၇ ရက်ရှိသည်ဟု သိရပြီး ၄၁ ဝါရှိသည်ဟု ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS