29 April 2024

OnlyFans လုပ်ငန်း ဝင်ငွေတိုး ထုတ်လုပ်သူနှင့်ကြည့်ရှုသူ မြင့်တက်
.
ဩဂုတ် ၃၀ ရက်၊ ၂၀၂၃
.
User အကောင့် သန်း ၂၄၀ အထိ ရှိလာပြီးနောက် လုပ်ငန်းနှစ်စဉ်ဝင်ငွေ ကန်ဒေါ်လာ သန်း ၅၀၀ ကျော် (ဘတ်သန်း ၁၇၅၀၀ ခန့်) တိုးတက်ခဲ့သည်ဟု OnlyFans ၏ မိခင်ကုမ္ပဏီဖြစ်သော အင်္ဂလန်ရှိ Fenix International က ထုတ်ပြန်ထားသည်ဟု BBC သတင်းဌာနက ဖော်ပြထားသည်။
.
လုပ်ငန်းဝင်ငွေတိုးတက်လာမှုကြောင့် Fenix ၏ တဦးတည်သောအစုရှယ်ယာပိုင်ရှင်ဖြစ်သူ Leonid Radvinsky ၏ ပိုင်ဆိုင်မှုမှာ ဘတ်သန်း ၇၀၁၈၀ ကျော် ရှိလာခဲ့သည်။
.
OnlyFans ပေါ်တွင် ရုပ်သံထုတ်လုပ်သူ ၄၇ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် ၃ ဒဿမ ၂ သန်းခန့် ရှိလာကာ User အရေအတွက်မှာလည်း ၂၇ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပြီး ၂၃၉ သန်းခန့်ရှိလာသည်။
.
မန်ဘာမဟုတ်သော ဝန်ဆောင်မှုမှ ပထမဆုံးအကြိမ် ဝင်ငွေတဝက်ကျော် ရရှိခဲ့ခြင်းဖြစ်ပြီး ဝင်ငွေ၏ ၈၀ရာခိုင်နှုန်း မှာ ထုတ်လုပ်သူများ၏ဝင်ငွေဖြစ်ကာ ကပ်ရောဂါကြောင့် လော့ခ်ဒေါင်းချထားရသော ကာလများ တွင် ဝင်ရောက်ကြည့်ရှုသူအရေတွက် ခုန်တက်ခဲ့သည်ဟု ဖော်ပြထားသည်။
.

SHARE THIS NEWS

OTHER NEWS