29 April 2024

အောက်တိုဘာ ၁ ရက်၊ ၂၀၂၁

 

ကရင်ပြည်နယ်၊၊ ကေကာ့ကရိတ်-ကျိုက်ဒုံ လမ်းဆုံအနီး၊ ဘားအံ-မြဝတီ အာရှလမ်းမ အရှေ့ဘက်ခြမ်းတွင် ယနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် DKBA ခွဲထွက်အဖွဲ့များ တိုက်ပွဲဖြစ်ပွားသည်ဟု Khit Thit Media ဖော်ပြထားပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့၊ တပ်ရင်းမှူး ၁ ဦး စီးနင်းလိုက်ပါလာသည့် စစ်ယာဉ်တန်းကို ဗိုလ်ကျော်သက် ဦးဆောင်တဲ့ DKBA ခွဲထွက်အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ရာကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ဖြစ်တယ်လို့

သိရပါတယ်။

 

ကရင်ပြည်နယ် ဒေသသတင်းရင်းမြစ် KIC ကတော့ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံတစ်ဦးအား ကိုးကား၍ ဖော်ပြထားပါတယ်။

 

“KNU နဲ့ စစ်ကောင်စီတပ်နဲ့ ပစ်တာ၊ မနက် ကိုးနာရီလောက်မှာစဖြစ်တယ်။ အခု ကိုးနာရီခွဲအထိ ပစ်နေတုန်းပါပဲ။ လက်နက်ကြီးကော၊ လက်နက်ငယ်ကော အစုံပဲ ပစ်တာ”ဟု ၎င်းကော့ကရိတ်ဒေသခံကထံသိရပါတယ်။ တိုက်ပွဲဖြစ်ပွားမှုအသေးစိတ်နှင့် နှစ်ဖက်ကျဆုံးစာရင်း သီးခြားအတည်မပြုနိုင်သေးပေ။

 

Photo Crd – ကရင်အမျိုးသားမီဒီယာ

.

#MingalaparTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #PostbyKoChit #BKK #Covid19TH

SHARE THIS NEWS

OTHER NEWS