29 April 2024

မြန်မာအလုပ်သမား ၄၀ ဦး အထောက်အထားခ နှင့် လုပ်အားခ ဘတ် ၁၁ သိန်းကျော် လိမ်လည်ခံရ
.
ဩဂုတ် ၃၁ ရက်၊ ၂၀၂၃
.
မြို့တော်ဗန်ကောက်၊ စူကွမ်ဝမ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် မြန်မာအလုပ်သမား ၄၀ ဦးအား ဆောက်လုပ်ရေး အလုပ်ကြပ် (Foreman) က အထောက်အထားပြုလုပ်ခနှင့် လုပ်အားခ စုစုပေါင်း ဘတ် ၁၁ သိန်းစွန်းစွန်း လိမ်လည်မှု ဖြစ်ပွားခဲ့သည်ဟု မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) က ယမန်နေ့တွင် ဖော်ပြထားသည်။
.
မြန်မာအလုပ်သမား (၄၀) ဦးအနက် စာအုပ်သက်တမ်းတိုးရန် အလုပ်သမား (၈) ဦး အတွက် (၁၃၂၀၀၀)ဘတ် ၊ ဘတ်ရိုက်ခ (၁၀) ဦး အတွက် (၂၆၀၀၀၀) ဘတ် နှင့် ကျဲ့ခေါက်ခ (၂၂) ဦး အတွက် (၂၀၉၀၀၀) ဘတ် စုစုပေါင်း (၆၀၁၀၀၀) ဘတ် တို့ကို အလုပ်ကြပ်က လိမ်လည်ခဲ့သည် ဟု ဖော်ပြထား သည်။
.
တဆက်တည်းတွင် မြန်မာအလုပ်သမား (၄၀) ဦးအနက် အမျိုးသား ၃၂ ဦး၏ တလလုပ်ခလစာ တဦးလျှင် (၁၄၀၀၀) ဘတ် နှင့် အမျိုးသမီး ၈ ဦး၏ တလလုပ်ခလစာ တဦးလျှင် (၁၂၀၀၀) ဘတ် စုစုပေါင်း (၅၄၄၀၀၀) ဘတ်တို့ကို အလုပ်ကြပ်က ပေးချေခြင်းမပြုသေးဟု ဖော်ပြထားသည်။
.
အလုပ်ကြပ်က အလုပ်သမား (၄၀) ဦးထံမှ စုစုပေါင်း ဘတ် ၁၁ သိန်းကျော်လိမ်လည်ထားသဖြင့် အလုပ်သမားများမှာ အခက်အခဲဖြစ်နေ၍ WAG ထံ အကူအညီတောင်းခံလာသည်ဟု ဖော်ပြထားသည်။
.
ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း အခက်အခဲတစုံတရာရှိခဲ့လျှင် အကူအညီတောင်းခံနိုင်မည့် WAG အဖွဲ့သားများ၏ ဖုန်းနံပါတ်များကို ဖော်ပြပေးထားသည်။
📱0994592291 ☎0910054829 ☎0805931179
.
Photo: WAG
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS