10 May 2024

,

အသင်းကြီးတွေရုန်းကန်ခဲ့ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ဥရောပဇုန်ပွဲစဉ် ၄

■၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဥရောပဇုန်ခြေစစ်ပွဲတွေကို မနေ့ညက ကစားခဲ့ရာမှာတော့ အသင်းကြီးတွေနိုင်ပွဲရဖို့ရုန်းကန်ခဲ့ရပါတယ်။ နာမည်ကြီး လက်ရှိကမ္ဘာ့ချန်ပီယံ ပြင်သစ်ဟာ ဘော့စနီးယားအသင်းကို အိမ်ကွင်းမှာသရေသာကစားနိုင်ခဲ့သလို ပေါ်တူဂီအသင်းဟာလည်း စီရိုနာလ်ဒိုရဲ့ နောက်ကျသွင်းဂိုးတွေကြောင့် အိုင်ယာလန်ကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။

နာမည်ကြီးနယ်သာလန်အသင်းကလည်း နော်ဝေအသင်းကိုသရေသာကစားနိုင်ခဲ့ပါတယ်။

စီရိုနာလ်ဒိုဟာ အိုင်ယန်လန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကို ရေးထိုးနိုင်ခဲ့ပါတယ်။ ရိုနာလ်ဒိုဟာ စုစုပေါင်း နိုင်ငံတကာသွင်းဂိုး ၁၁၁ ဂိုးနဲ့ သမိုင်းတစ် လျှောက် နိုင်ငံကာသွင်းဂိုးအများဆုံးကစားသမားအဖြစ်မှတ်တမ်းရေးထိုးခဲ့တာဖြစ်ပါတယ်။

ဥရောပဇုန်‌ခြေစစ်ပွဲရလာဒ်များ

Group A

လူဇင်ဘတ် ၂-၁အဇာဘိုင်ဂျန်

ပေါ်တူဂီ ၂-၁ အိုင်ယာလန်

Group D

ကာဇက်စတန် ၂-၂ယူကရိန်း

ပြင်သစ်၁-၁ဘော့စနီးယား

Group F

ဒိန်းမတ် ၂-၀ စကော့တလန်

ဖာရိုးကျွန်းစုများ၀-၄အစ္စရေး

မော်လ်ဒိုဗာ၀-၂ ဩစတြီးယား

Group G

လတ်ဗီးယား ၃-၁ ဂျီဘရော်တာ

နော်ဝေ ၁-၁ နယ်သာလန်

တူရကီ ၂-၂မွန်နီတီဂရိုး

Group H

မော်လ်တာ၃-၀ ဆိုက်ပရပ်စ်

ရုရှား၀-၀ ခရိုအေးရှား

ဆလိုဗေးနီးယား ၁-၁ ဆလိုဗက်ကီးယား

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS