28 April 2024

,

ပထမဆုံးအကြိမ်ထီကံစမ်းသည့် အလှကုန်ဆိုင်ဝန်ထမ်း ဘတ် ၆ သန်းကံထူး
.
ဇွန် ၂ ရက်၊ ၂၀၂၃
.
ယမန်နေ့က ထိုင်းအစိုးရထီဆုကြေညာပြီးနောက်တွင် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ချိုင်ယဖူခရိုင်၊ ဖူခယိုးမြို့နယ်၊ ဖတ်ပန်ကျေးရွာအုပ်စုတွင်နေထိုင်သော အသက် ၄၆ နှစ်အရွယ် အလှကုန်ဆိုင်ဝန်ထမ်း ထိုင်းအမျိုးသမီးတစ်ဦးက ဘတ် ၆ သန်းထံထူးခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြထားသည်။
.
ဘတ် ၆ သန်းထီကံထူးသည်ဟု သိရှိပြီးနောက်တွင် ဖူခယိုးမြို့နယ်ရဲစခန်းသို့သွားရောက်ပြီး ရဲမှတ်တမ်း တွင် မှတ်တမ်းတင်ခဲ့သည်ဟု ဖော်ပြထားသည်။
.
အဆိုပါ ထိုင်းအမျိုးသမီးသည် သူမနေထိုင်သည့်မြို့နယ်ရှိ 105 Beauty Shop အလှကုန်ဆိုင်တွင် အလုပ် လုပ်ကိုင်နေပြီး အိမ်ထောင်စုစာရင်းနံပါတ်နှင့်မော်တော်ကားနံပါတ်မြင်မက်၍ သူမ၏ဘဝတွင် ပထမဆုံး အကြိမ်ထီကံစမ်းရာက မထင်မှတ်ဘဲ ဘတ် ၆ သန်းကံထူးခဲ့သည်ဟု သတင်းထားများကို ပြောပြသည်။
.
ရရှိလာသည့်ထီဆုငွေများဖြင့် နေအိမ်ဖိုးအကျေပေးချေမည်ဖြစ်ပြီး လေလွင့်ခွေးကြောင်ဂေဟာများသို့ သွားရောက်လှူဒါန်းမည်ဟု ဆိုသည်။
.
၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့အပတ်စဉ် ထိုင်းထီပထမဆုဘတ် ၆ သန်းနံပါတ်မှာ “၁၂၅၂၇၂” ဟု သိရသည်။
.
ဂဏန်းကောင်းတွေစုစည်းထားတဲ့ “ကံပွင့်” ပေ့ချ်
Like & Share များများလုပ်ပြီးအားပေးလိုက်ကြရအောင်

SHARE THIS NEWS

OTHER NEWS