26 April 2024

၂၀၂၁ ဒီဇင်ဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် မဟာရတ်မြို့နယ်အတွင်း ခိုးဝင်လုပ်သား ၁၈ ဦးတင်ဆောင်လာတဲ့ ကားတိမ်း‌မှောက်ပြီး သေဆုံးသူ ၃ ဦးရှိခဲ့ကာ ဒဏ်ရာရခဲ့တဲ့ ကျန် ၁၅ ဦးကို တောတွင်းတစ်နေရာမှာ သွားရောက်စွန့်ပစ်ထားခဲ့ တဲ့ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုရှိနေတဲ့ တာ့ခ်ခရိုင်၊ ဒုရဲဗိုလ် မစ္စတာ ဖိထက် ကို ၂၀၂၂ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တာ့ခ်ခရိုင် အာဏာပိုင်တွေက နေအိမ်၌ဝင်ရောက် ဖမ်းဆီးကာ ရာထူးမှ ထုတ်ပယ် လိုက်ကြောင်း သိရပါတယ်။

ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တဲ့ လူပို့ပွဲစားက တစ်ဆင့် ငွေလမ်းကြောင်း ဆက်စပ်မှုအရ မစ္စတာ ဖိထက် ကို ဖမ်းဆီးရမိခဲ့တာပါ။

ဆက်လက်ပြီ မစ္စတာ ဖိထက် ပါဝင်ပတ်သက်ခဲ့တဲ့ တရားမဝင် လုပ်ငန်းစဉ်တွေကို ထပ်မံဖေါ်ထုတ်နိုင်ဖို့ ကော်မတီဖွဲ့ကာ စစ်ဆေးဆောက်ရွက် လျက်ရှိ ကြောင်းသိရပါတယ်။ ရ

SHARE THIS NEWS

OTHER NEWS