29 April 2024

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၁

 

ယမန်နေ့တွင် ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွမ်ကလင် ဦးဆောင်၍ နိုင်ငံခြားလုပ်သားစီမံအုပ်ချုပ်ရေးကော်မတီအစည်းအဝေးတစ်ရပ်ကို

ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအခြေအနေအတွင်း MoU လုပ်သားခေါ်ယူရေး နှင့် စမွတ်ဆာခွန်ရှိ သာမာန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်

ပေးရေးဌာနစိတ်၊ ယာယီအချက်အလက်စုဆောင်းရေးဌာန (TDCC) စင်တာကို ၁ နှစ်ထပ်မံဖွင့်ထားရန် ဆွေးနွေးခဲ့သည်ဟု ထိုင်းအလုပ်သမား

ဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြုဖော်ပြထားသည်။

 

 

ယခင်က ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများကို အကြိမ်ကြိမ်ဖြေလျှော့ပေးခြင်းဖြင့် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်လုပ်ကိုင်ခွင့်ပြုထားသော်လည်း

လုပ်သားရှားပါးသည့်ပြဿနာနှင့်ရင်ဆိုင်နေရ၍ MoU လုပ်သားခေါ်ယူရန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

 

ယခုခေါ်ယူမည့် MoU လုပ်သားများကို လွန်ခဲ့သည့် ၁ လမတိုင်မီ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားပြီးသောလုပ်သား (အစိမ်းရောင်အုပ်စု)၊ ကာကွယ်

ဆေး ၂ ကြိမ်ထိုးနှံထားပြီဖြစ်သော်လည်း ၁ လမပြည့်သေး သောလုပ်သား (အဝါရောင်အုပ်စု)၊ ကာကွယ်ဆေး ၁ ကြိမ်သာထိုးနှံထားသောလုပ်သားနှင့်

ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသေးသောလုပ်သား (အနီရောင်အုပ်စု) ဟူ၍ အုပ်စု ၃ ခုခွဲ၍ ခေါ်ယူမည်ဟု ဆိုသည်။

 

 

အစိမ်းရောင်အုပ်စုလုပ်သားများကို ဦးစားပေးခေါ်ယူမည်ဟု သိရပြီး ကာကွယ်ဆေးပတ်စပို့တင်ပြရမည်ဟု ဆိုသည်။

 

 

အနီရောင်အုပ်စုလုပ်သာများကို ပိုးစစ်ဆေးမည်ဟု သိရပြီး ပိုးတွေ့ရှိခဲ့လျှင် ကွာရန်တင်းဝင်၍ ဆေးကုသမှုခံယူရမည်။ ကွာရန်တင်းစင်တာနှင့်ဆေးကုသမှု

ကုန်ကျစရိတ်များကို အလုပ်ရှင်မှတာဝန်ယူရမည်ဟု ဆိုသည်။

 

 

 

ကွာရန်တင်းစင်တာမှ ထွက်လာပြီးနောက် ပုဒ်မ-၃၃ ပရကန်စန်းခွမ်လုပ်သားဖြစ်ခဲ့လျှင် ပရကန်စန်းခွမ်ခံစားခွင့်အရ ကာကွယ်းဆေးထိုးနှံခွင့်ရရှိမည်ဟု

ဆိုသည်။ ပရကန်စန်းခွမ်လုပ်သားမဟုတ်ခဲ့လျှင် အလုပ်ရှင်မှပုဂ္ဂလိကအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးရမည်ဟု ဖော်ပြထားသည်။

 

 

ထိုင်းနိုင်ငံသို့ဝင်ရောက်လာမည့် MoU လုပ်သားများသည် ထိုင်းလူဝင်မှုကြီးကြပ်ရေးစစ်ဆေးဂိတ်တွင်RT-PCR နည်းဖြင့်၇၂ နာရီအတွင်းပိုးစစ်ထားသည့်

အဖြေကို တင်ပြရမည်။ ပိုးတွေ့ရှိခဲ့လျှင် ဆေးကုသမှုခံယူရမည်ဖြစ်ပြီး အလုပ်ရှင်မှကုန်ကျစရိတ်တာဝန်ယူရမည်။ ကုသပျောက်ကင်ပြီးနောက် ဆေး

ထောက်ခံချက်နှင့်တကွ အလုပ်လုပ်ခွင့်လက်မှတ်(ဝေါ့ပါမစ်) လျှောက်ထားရမည်ဟု ဖော်ပြထားသည်။

 

 

တချိန်တည်းတွင် လုပ်သားများနေရပ်ပြန်ပြီး နိုင်ငံကူးလက်မှတ် (ပတ်စပို့) ပြုလုပ်ရမည်ဆိုပါကရောဂါကူးစက်နိုင်ခြေမြင့်မားခြင်းကြောင့် လုပ်သားများ

နေရပ်ပြန်စရာမလိုဘဲ ပတ်စပို့စာအုပ်ပြုလုပ်နိုင်ရန် စမွတ်ဆာခွန်ရှိ သာမာန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက်

အလက်စုဆောင်းရေးဌာန (TDCC) စင်တာကို ၁ နှစ်ထပ်မံဖွင့်ထားရန် သဘောတူခဲ့သည်ဟု ဆိုသည်။

 

 

စမွတ်ဆာခွန်ခရိုင်ကူးစက်ရောဂါကော်မတီမှခွင့်ပြုချက်ပေးသည်နှင့်တပြိုင်နက် ချက်ချင်းဖွင့်နိုင်သည်ဟု ဖော်ပြထားသည်။

SHARE THIS NEWS

OTHER NEWS