10 May 2024

အလုပ်လက်မဲ့ထောက်ပံ့ကြေးစာအိတ်အတု သတိပြုရန် ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေး သတိပေး
.
ဇွန် ၁၆ ရက်၊ ၂၀၂၃
.
လူလိမ်ဂိုဏ်းများက အလုပ်လက်မဲ့ထောက်ပံ့ကြေး ဘတ် ၂၀၀၀ ရယူရန် ထိုင်းပြည်သူများထံစာအိတ် အတုပို့လာပြီး လိမ်လည်မှုရှိနေသည်ဟု ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က သတိပေးဖော်ပြ ထားသည်။
.
လူလိမ်ဂိုဏ်းများက “အစိုးရမူဝါဒအရ အလုပ်လက်မဲ့ထောက်ပံ့ကြေးပေးအပ်ခဲ့ရာတွင် ပရကန်စန်းခွမ် ပေးသွင်းထားသူများအနက် ထောက်ပံ့ကြေးရရှိခြင်းမရှိသေးသောသူများကို နောက်ကြောင်းပြန်ပေးအပ် လျှက်ရှိပြီး လင့်ခ်နှိပ်၍အတည်ပြုပေးရန်နှင့်လိုအပ်သည့်အချက်အလက်များဖြည့်ပေးရန်” စာအိတ်အတု ပို့လာသည်ဟု ဖော်ပြထားသည်။
.
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး အလုပ်လက်မဲ့ထောက်ပံ့ကြေးရယူရန်အတွက် ပရကန်စန်းခွမ်ပေးသွင်း ထားသူများထံ ထိုင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ကြားမှုဦးစီးဌာန က စာအိတ်ပို့ပေးနေခြင်းမရှိဟု ဖော်ပြ ထားသည်။
.
ပြည်သူများက ယင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ကြားမှုဦးစီးဌာနစာအိတ်အတုလင့်ခ်ကိုနှိပ်မိသည့်အခါ စမတ်ဖုန်းဟက်ခံရမည်ဖြစ်ပြီး အချက် အလက်ခိုးယူခြင်းနှင့်ငွေထုတ်ယူခြင်းခံရမည်ဟု သတိပေးဖော်ပြ ထားသည်။
.
Photo: CIB

SHARE THIS NEWS

OTHER NEWS