10 May 2024

ဂေါ်ရီလာအကောင်ရေ ၂၀ ရှိတဲ့ ဂျော်ဂျီယာနိုင်ငံ အတ္တလန်တာတိရစ္ဆာန်ဥယျာဉ်မှာ ဂေါ်ရီလာ ၁၈ ကောင်ဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရပါတယ်။ အဲဒီထဲမှာ အသက် ၆၀ အရွယ် “အော်ဇီ” အမည်ရှိ ‌ဂေါ်ရီလာအထီး တစ်ကောင်လည်းအပါအဝင်ဖြစ်တယ်လို့သိရပါတယ်။

 

 

ဂေါ်ရီလာတွေဟာ တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းတွေနဲ့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေက ကူးစက်ခံထားရ တာဖြစ်နိုင်ကြောင့် ခန့်မှန်းကြပါတယ်။ သို့သော်လည်း လူသားတွေထံက ဗိုင်းရပ်စ် ပိုးက ဂေါ်ရီလာတွေထံ ကူးစက်နိုင်တယ် ဆိုတာကိုတော့ ခန့်မှန်းထားရုံသာရှိပြီး ဌာနဆိုင်ရာတွေက အတည်ပြုပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။

 

 

ဂေါ်ရီလာတွေမူမမှန် ဖြစ်တာကို တိရိစ္ဆာန်ဥယျာဉ်ဝန်ထမ်းတစ်ဦးက သတိထားမိခဲ့တာပါ။ ကိုဗစ်ကူးစက် ခံထားရတဲ့ ဂေါ်ရီလာတွေဟာ လူသားတွေလိုပဲ နှာရည်ယိုတာ၊ ချောင်းဆိုးတာ၊ အစာမစားတာ စတဲ့ဝေဒနာတွေ ခံစားနေရတာကို တွေ့ရှိခဲ့ပြီးနောက် ဂေါ်ရီလာ အကောင် ၂၀ ကို ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်ရာက ၁၈ ကောင်ဟာ မျိုးရိုးဗီဇပြောင်း Delta ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့တာပါ။

Ref : CH3Plus

 

 

SHARE THIS NEWS

OTHER NEWS