28 April 2024

၂၀၂၁ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အိုမီခရွန်ကူးစက်ခံရသူ ၃ ဦးထပ်တိုးကြောင်း ထိုင်းနိုင်ငံရောဂါထိန်းချုပ်ရေး ဌာနကထုတ်ပြန်ပါတယ်။

 

ယခုဆိုရင် ထိုင်းနိုင်ငံမှာ အိုမီခရွန်ကူးစက်ခံရသူ စုစုပေါင်း ၁၄ ဦးထိရှိနေပြီး အိုမီခရွန်ကူး စက်ခံထားရသူ အများစုက ခရီးသွားတွေဖြစ်ပါတယ်။

 

အိုမီခရွန်ကူးစက်ခံထားရတဲ့လူနာတွေဟာ ထိုင်းနိုင်ငံအဝင် ကိုဗစ်စစ်ဆေးရာမှာ positive ဖြစ်ခဲ့တဲ့လူနာ တွေဖြစ်ပြီး ဗိုင်းရပ်စ်နမူနာကို ထပ်မံဓာတ်ခွဲစစ်ဆေးပြီးနောက် အိုမီခရွန်ကူးစက် ခံထားရကြောင်း အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

 

အိုမီခရွန်ကူးစက်ခံရသူ ၁၄ ဦးထိရှိလာခဲ့ပြီးနောက် အိုမီခရွန်ကိုရင်ဆိုင်ဖို့ အသင့်ပြင်ရတော့မယ်လို့ ရောဂါထိန်းချုပ်ရေးကဆိုပါတယ်။ လက်ရှိအချိန်ထိတော့ အိုမီခရွန်ကူးစက်ခံထားရတဲ့လူနာ ၁၄ ဦးဟာ ခရီးသွားမှတ်တမ်းရှိသူတွေ ဆိုပေမယ့်လည်း အနှေးနှင့်အမြန် နိုင်ငံတွင်းကူးစက်ခံရနိုင်သူတွေရှိလာနိုင်တယ်လို့ ရောဂါထိန်းချူပ်ရေးဌာနက သတိပေးထားပါတယ်။

SHARE THIS NEWS

OTHER NEWS