4 May 2024

,

အကောင်းဆုံးအုပ်စုဒုတိယအသင်းနေရာဖြင့် ထိုင်းယူ-၂၃ အသင်း ၂၀၂၂ အာရှဖလားခြေစစ်ပွဲအောင်မြင်။

ခြေစစ်ပွဲအုပ်စုပွဲစဉ်တွင် မွန်ဂိုလီးယား၊ လာအိုနှင့်မလေးရှားအသင်းတို့နှင့် ၃ ပွဲယှဉ်ပြိုင်ကစားပြီးနောက် ၅ မှတ်သာရရှိထားပြီး အုပ်စုဒုတိယနေရာတွင်သာရပ်တည်နိုင်သော်လည်း အုပ်စုဒုတိယအကောင်းဆုံး ၄ သင်းနေရာဖြင့် ထိုင်ယူ-၂၃ အသင်း ခြေစစ်ပွဲအောင်မြင်ခဲ့သည်ဟု ထိုင်းဘောလုံးအဖွဲ့ချုပ်လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

“မလေးနဲ့ပွဲကတော့ ကျဉ်းကျပ်တဲ့ပွဲစဉ်ပေါ့ ပြီးတော့ ကစားသမားတော်တော်များများဒဏ်ရာရထားတယ် ခြုံပြီးပြောရရင် ကျတော်တို့မကစားရဲတာလည်းပါတယ် ဒါ့အပြင် ပုံမှန်အားဖြင့်ကျနော်တို့လုပ်နိုင်တဲ့နေရာတွေမှာ လွဲချော်မှုတွေရှိခဲ့တယ် ပြုပြင်ရမယ့်အားနည်းချက်တွေရှိတယ် နောက်ဆုံးမှာတော့ ကျနော်တို့ခြေစစ်ပွဲအောင်ခဲ့တယ်” ဆိုပြီး နည်းပြဝေါ်ရဝု စီးမာခ ကဆိုသည်။

“ခြုံငုံပြီးပြောရရင် ကစာသမားတွေရဲ့ကြံ့ခိုင်မှုအပိုင်းမှာ အခုလို ဆက်တိုက်ကစားရတာရော မြက်အတုကွင်းကြောင့်ရော ပင်ပန်းလာတာအထင်အရှားတွေ့ရတယ် နောက်တခုက တချို့ကစားသမားတွေက ကလပ်မှာအဓိကကစားသမာမဟုတ်တော့ လက်ရွေးစင်ရောက်လာတဲ့အခါကြံ့ခိုင်မှုအားနည်းတယ် ဒါပေမဲ့ တချို့ကတော့တစ်ပွဲချင်းစီဖြည်းဖြည်းချင်းတိုးတက်လာတယ် တချို့ကျတော့လည်း ဒဏ်ရာမရအောင်ထိန်းကစားရတာရှိတယ်” ဟု နည်းပြကဆက်လက်ပြောကြားသည်။

“နည်းပြအနေနဲ့တော့ ရင်ပေါ့သွားတာပေါ့ ကျနော်တို့ရည်မှန်းထားတဲ့အတိုင်းလုပ်နိုင်ခဲ့တယ် ခြေစစ်ပွဲအောင်တာပေါ့ အုပ်စုပထမနေရာနဲ့ခြေစစ်ပွဲမအောင်ခဲ့ပေမဲ့ ရှုံးပွဲမရှိတာကောင်းတဲ့အချက်တစ်ခုပါ ခြေစွမ်းပိုင်းမှာထစ်ထစ်ငေါ့ငေါ့ရှိပေမဲ့ အဓိကကစားသမားတွေလူစုံရင် ကျနော်တို့ ပိုကောင်းလာမှာပါ” ဟု ဆိုသည်။

“ကျနော်တို့မှာ လွဲချော်မှုတွေများခဲ့တဲ့အတွက် ဘောလုံးပရိသတ်တစ်ဦးတစ်ယောက်တိုင်းကို တောင်းပန်းပါတယ် ကျနော်နဲ့ကလေးတွေအစွမ်းကုန်ကြိုးစားခဲ့တယ် ပြီးခဲ့တဲ့မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအထိ ထိုင်းပရိသတ်တွေမပျော်ရွှင်နိုင်ပေမဲ့ အဲဒီနောက်မှာတော့ ပြုံးနိုင်ခဲ့တယ် ခြေစစ်ပွဲအောင်ခဲ့ တယ် ကျနော်တို့မှာ့ ဒီထက်ကောင်းတဲ့ကစားသမားတွေအများကြီးကျန်နေသလို ပြည်တွင်း အကောင်း ဆုံးကစားသမားတွေလည်း ကျနော်တို့ကိုစောင့်မျှော်နေတယ်အသင်းရဲ့ခြေစွမ်းတိုးတက် လာမယ်လို့ ကျတော်ယုံကြည်ပါတယ်” ဟု နည်းပြကဆိုသည်။

၂၀၂၂ အာရှဖလားပြိုင်ပွဲ (ယူ-၂၃) ကို လာမည့် ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဉဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပသွားမည်ဟု သိရသည်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS