30 April 2024

Honda က နယူးမက်က္ကဆီကိုရှိ ဧက ၁,၀၀၀ ကျယ်ဝန်းတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုက်တစ်ခုတွင် မောင်းသူမဲ့ ကုန်တင်ယာဉ်ထရပ်ကားတစ်စီးကို ထုတ်ဖေါ်ပြသခဲ့ပါတယ်။ Autonomous Work Vehicle သို့မဟုတ် Honda AWV ထရပ်ကားကို ဆောက်လုပ်ရေးခွင်မှာ အဓိကအသုံးပြုဖို့အတွက် ထုတ်လုပ်ခဲ့တာပါ။

 

ဒီတစ်ခေါက်စမ်းသပ်မှုမှာ အောင်မြင်ခဲ့ပြီး AWV ထရပ်ကားဟာ အလေးချိန် ၄၀၀ ကီလိုဂရမ်ထိ အပြည့်အတင်းတင်ဆောင်နိုင်မှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ၄၅ ကီလိုမီတာခန့်ကို ခရီးနှင်နိုင်မှာဖြစ်ပါတယ်။ တင်ကုန် တန်ချိန် ၄၀၀ ကီလိုသာသတ်မှတ်ထားတယ်ဆိုပေမယ့် AWV ထရပ်ထားဟာ ၇၂၁ ကီလိုဂရမ် ထိကို အသာလေးဆွဲသွားနိုင်မှာဖြစ်တယ် လို့သိရပါတယ်။

 

 

 

 

 

Honda AWV ကားကို မောင်းသူမဲ့ ခိုင်းစေနိုင်ဖို့အတွက် GPS ကို အသုံးပြုထားပါတယ်။ အတားအဆီးများကို ထောက်လှမ်းရှောင်ရှားနိုင်ဖို့ အတွက်တော့ ကားမှာ 3D Camera နှင့် ဆင်ဆာစနစ်တွေ တပ်ဆင်ပေးထားပြီး အရေးပေါ်အခြေအနေမှာ လူသားတွေမောင်းနှင်နိုင်ဖို့ အဝေးထိန်းချုပ်စနစ် တပ်ဆင်ထားတယ်လို့သိရပါတယ်။

 

ဘက်ထရီအပြည့်သွင်းထားရင် Honda AWV ထရပ်ကားကို ၈ နာရီကြာ အသုံးပြုလို့ရမှာဖြစ်ပြီး ဘက်ထရီ ၀-၁၀၀ ပြည့်ဖို့ အားသွင်းချိန် ၆ နာရီခန့်သာ ကြာမြင့်မှာဖြစ်တယ်လို့သိရပါတယ်။

 

Honda ရဲ့ Honda AWV ထရပ်ကား ထုတ်ဖေါ်ပြသမှုဟာ အနာဂါတ်မှာ လုပ်ငန်းခွင်တွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ လူသားတွေအစား အလိုအလျောက်မောင်းသူမဲ့ ယာဉ်တွေ အစားထိုး အသုံးပြုသွားနိုင်ဖွယ်ရှိတယ်လို့ မှန်းဆရပါတယ်။

SHARE THIS NEWS

OTHER NEWS