26 April 2024

ဖူ့ထိုင်းပါတီမှအဆိုပြုသော Srettha Thavisin ၃၀ ဦးမြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာ
.
ဩဂုတ် ၂၃ ရက်၊ ၂၀၂၃
.
ဖူ့ထိုင်းပါတီမှ အဆိုပြုလာသော အိမ်ခြံမြေလုပ်ငန်းစုစီးပွားရေးလုပ်ငန်းရှင် Srettha Thavisin (စေထား ထဝီစင်း) က လွှတ်တော်ထောက်ခံမဲ ၄၈၂ မဲ ဖြင့် ထိုင်းနိုင်ငံ၏ (၃၀) ဦးမြောက်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
.
မေ ၁၄ ရွေးကောက်ပွဲအလွန်တွင် ၃၀ ဦးမြောက်ထိုင်းဝန်ကြီးချုပ်နေရာအတွက် ယမန်နေ့ (၂၂-၈-၂၀၂၃)က ထိုင်း လွှတ်တော်တွင် တတိယအကြိမ်မြောက် မဲခွဲဆုံးဖြတ်ရာ ပြည်သူ့ထောက်ခံမဲ ဒုတိယအများဆုံးရရှိထားသော ဖူ့ထိုင်းပါတီမှ အဆိုပြုလာသော အိမ်ခြံမြေလုပ်ငန်းစုလုပ်ငန်းရှင် Srettha Thavisin က ထောက်ခံမဲ ၄၈၂ မဲ၊ ကန့် ကွက်မဲ ၁၆၅ မဲနှင့် ကြားနေမဲ ၈၁ ဖြင့် ထိုင်းဝန်ကြီးချုပ်နေရာကိုရရှိခဲ့ပြီး ဖူ့ထိုင်းပါတီကလည်း အစိုးရဖွဲ့စည်းခွင့် ရရှိခဲ့သည်။
.
ဝန်ကြီးချုပ်နေရာ မဲခွဲဆုံးဖြတ်ရာတွင် အဆုံးအဖြတ်ပေးခဲ့သော အထက်လွှတ်တော်အမတ် ၂၅၀ ဦးထံမှ ထောက်ခံမဲ ၁၅၂ မဲအထိ ရရှိခဲ့သည်။
.
နောက်ဆုံးရသတင်းအရ ထိုင်းဘုရင်မှ Srettha Thavisin အား ဝန်ကြီးချုပ်ရာထူးခန့်အပ်သည့် ရာဇသံထွက်ရှိ လာပြီဖြစ်ပြီး ယနေ့ညနေ ၆ နာရီတွင် ဖူ့ထိုင်းပါတီသို့ရောက်ရရှိလာမည်ဟု သိရသည်။
.
ပြည်သူ့ထောက်ခံမဲ အများဆုံးရရှိထားသော ရှေ့သို့လှမ်းချီပါတီမှာ အတိုက်အခံပါတီနေရာကို အလိုအလျောက် ရရှိသွားသည်။
.

SHARE THIS NEWS

OTHER NEWS