26 April 2024

ရောဂါကူးစက်မှုမြင့်တက်နေသည့်အခြေအနေနှင့်ရင်ဆိုင်နေရသည့်အချိန်တွင် ကလေးများအတွက်အန္တရာယ်ကင်းစွာကျောင်းများပြန်ဖွင့်နိုင်ရန်

 

ဆရာဆရာမအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ ထားရန်နှင့်ထိုးနှံခြင်းမပြုလျှင် အပတ်စဉ်ပိုးစစ်ဆေးရမည်ဟု ကယ်လီဖိုးနီးယားပြည်နယ်

 

အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားသည်။

 

 

နိုင်ငံတဝှမ်းတွင်ဒေလ်တာမျိုးကွဲကြောင့် ရောဂါကူးစက်နှုန်းတဟုန်ထိုးမြင့်တက်နေချိန်တွင် အမေရိကန် အစိုးရမှပညာသင်နှစ်အသစ်အတွက်

 

ကျောင်းများပြန်ဖွင့်ရန်ကြေညာလိုက်ပြီးနောက် ကျောင်းသူကျောင်းသားအများစုမှာကာကွယ်ဆေးထိုးနှံထားခြင်းမရှိသေး၍ ကျောင်းသားမိဘ

များနှင့်ပညာရေးပညာရှင်များက စိုးရိမ်စိတ်မြင့်တက်နေသည်ဟု ဖော်ပြထားသည်။

 

 

စာသင်ကျောင်းအားလုံးအလုံးစုံပြန်ဖွင့်ချိန်တွင် ကျောင်းသားမိဘများယုံကြည်စိတ်ချမှုရှိစေရန် ကျောင်း ဝန်ထမ်းအားလုံးကာကွယ်ဆေးထိုးနှံ

 

ထားရမည်ဟု ကယ်လီဖိုးနီးယားပြည်နယ်မှူးက ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်နေ့တွင် ကြေညာခဲ့သည်။

 

“ဒီကပ်ရောဂါကိုကာကွယ်ဆေးနဲ့ကျနော်တို့ရပ်တန့်လို့ရတယ် ဖခင်တယောက်အနေနဲ့ကယ်လီဖိုးနီးယားပြည်နယ်ထဲကကလေးတွေပညာ

သင်နှစ်အသစ်နဲ့အတူ စာသင်ခန်းထဲပြန်ရောက်လာတာကိုကျနော်ြမင်ချင်ပါတယ်” ဟု ပြည်နယ်မှူးကဆိုသည်။

 

 

အဆိုပါ ထုတ်ပြန်ချက်ကြောင့် ကယ်လီဖိုးနီးယားပြည်နယ်သည် အစိုးရနှင့်ပုဂ္ဂလိကကျောင်းများရှိပညာရေးဝန်ထမ်းအားလုံးမဖြစ်မနေ

ကာကွယ်ဆေးထိုးနှံရမည့်ပထမဆုံးပြည်နယ်ဖြစ်လာခဲ့ပြီး ထိုးနှံခြင်းမပြုလျင် အပတ်စဉ်ပိုးစစ်ဆေးရမည်ဟုညွှန်ကြားထားသည်။

ပြည်နယ်မှုး၏အရွေ့ကိုကျောင်းသားမိဘများတခဲနက်ထောက်ခံကြသည်ဟု သိရသည်။

 

ကယ်လီဖိုးနီးယားပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၏အချက်အလက်များအရ ပြည်နယ်အတွင်းရှိအသက် ၁၂ အထက်ကလေးများတွင်

၃ ပုံ ၂ ပုံသည် ကာကွယ်ဆေး ၂ ကြိမ်အပြည့်ထိုးနှံထားပြီဟုဖော်ပြထားပြီး အသက် ၁၂ နှစ်အောက်ကလေးများတွင်ကာကွယ်ဆေးထိုးနှံရန်

မလိုအပ်ကြောင်း ဖော်ပြထားသည်။

SHARE THIS NEWS

OTHER NEWS