26 April 2024

ဓာတ်ပုံ Sanook

 

စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၁

 

စမွတ်ပရာကန်ခရိုင်ရှိလျှပ်စစ်ပစ္စည်းထုတ်လုပ်ဖြန့်ချိသည့်စက်ရုံတစ်ခုတွင် အလုပ်သမားများကို ဘောနပ် ၅ လချီးမြှင့်၊ လစာ ၅ ရာခိုင်နှုန်းတိုးပေး၊ အပိုဆောင်း ၂၈,၀၀၀ ဘတ်ဆုချ။

 

ကိုဗစ်အကျပ်အတည်းကာလဖြစ်နေသော်လည်း စမွတ်ပရာကန်ရှိ KYE လျှပ်စစ်ပစ္စည်းထုတ်လုပ် ဖြန့်ချိသည့်စက်ရုံသည် အလုပ်သမားများကို နှစ်ကုန်ဘောနပ်အဖြစ် လုပ်ခလစာ ၅ လစာချီးမြှင့်ပေးပြီး လစာကိုလည်း ၅ ရာခိုင်နှုန်းတိုးမြှင့်ပေးသည့်အပြင် အပိုဆောင်းဆုငွေဘတ် ၂၈,၀၀၀ ဆုချခဲ့သည်ဟု

သိရသည်။

 

 

အဆိုပါ ကန်ယွန်အီလက်ထရစ် (KYE) အများပိုင်ကုမ္ပဏီသည် ၁၉၉၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့ တွင် ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနတွင်ကုမ္ပဏီမှတ်ပုံတင်ခဲ့ပြီး ကုမ္ပဏီ၏ဘုတ်အဖွဲ့ကိုဂျပန်နှင့်ထိုင်းလူမျိုးများဖြင့်ဖွဲ့စည်းထားသည်ဟု ဆိုသည်။

 

 

ထို့နောက် ၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင်စ‌တော့ခ်ရှယ်ယာဈေးကွက်ထဲဝင်ရောက်ခဲ့ပြီး လျှပ်စစ်ပစ္စည်းထုတ်လုပ်ဖြန့်ချိသည့်လုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်ဟု သိရသည်။

 

 

ယခုအခါတွင် ကုမ္ပဏီ၏မတည်ရင်နှီးငွေသည် ဘတ် ၁၉၈ သန်းရှိပြီး စတော့ခ်ရှယ်ယာတန်ဖိုးမှာ ဘတ် ၇၄၆၄.၆ သန်းရှိသည်ဟု ဆိုသည်။

 

 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ဘတ် ၉,၂၁၄ သန်းဝင်ငွေရှိခဲ့ပြီး အမြတ်ငွေ ဘတ် ၇၁၉.၂၆ သန်းရရှိခဲ့သည်။၂၀၁၉ ခုနှစ်တွင် ဘတ် ၈,၀၀၄ သန်းဝင်ငွေရှိခဲ့ပြီး အမြတ်ငွေ ဘတ် ၁၈၀.၁၅ သန်းရရှိခဲ့သည်။ ၂၀၂၀ခုနှစ် တွင် ဘတ် ၇,၇၄၃ သန်းဝင်ငွေရှိခဲ့ပြီး အမြတ်ငွေ ဘတ် ၆၂၁.၂၉ သန်းရရှိခဲ့သည်ဟု သိရှိရသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS