26 April 2024

မြို့တော်ဗန်ကောက်အစိုးရအဖွဲ့လက်အောက်ရှိ စာသင်ကျောင်းများ Private ဝတ်စုံဖြင့် ကျောင်းတက်ခွင့်ပြု
.
ဇူလိုင် ၂၁ ရက်၊ ၂၀၂၃
.
မြို့တော်ဗန်ကောက်အစိုးရအဖွဲ့လက်အောက်ရှိ စာသင်ကျောင်း ၄၃၇ ကျောင်းတွင် ရက်သတ္တပတ်လျှင် ၁ ရက်နှုန်းဖြင့် လွတ်လပ်စွာဝတ်ဆင်ခွင့်ပြုလိုက်ပြီးနောက် ယနေ့ (၂၁-၇-၂၀၂၃) တွင် ဘန်ခေးမြို့နယ်ရှိ စာသင်ကျောင်းတခု၌ ကျောင်းသူကျောင်းသားများက သတ်မှတ်ရက်တွင် Private ဝတ်စုံဖြင့် ကျောင်း တက်ကြသည်ကို တွေ့ရှိရသည်ဟု PPTV36 ကဖော်ပြထားသည်။
.
ဆရာ/ဆရာမအပါအဝင် ကျောင်းသားမိဘနှင့် ကျောင်းသားများက သုံးပွင့်ဆိုင် ဆွေးနွေးပြီးနောက်တွင် ယခုကဲ့သို့ စတင်ဝတ်ဆင်လာခြင်းဖြစ်သည်။
.
ကျောင်းသူကျောင်းသားများ၏လူအခွင့်အရေးအပေါ် ထိခိုက်မှုမရှိစေရေးနှင့် ကျောင်းသူကျောင်းသား များ၏အခွင့်အရေး ဆုံးရှုံးမှုမဖြစ်စေရေးအတွက် လွတ်လပ်စွာဝတ်ဆင်ခွင့်နှင့်လွတ်လပ်စွာဆံပင်ပုံစံ ထားပိုင်ခွင့်တို့ကို ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်ဟု ဗန်ကောက်မြိုတော်ဝန် ချချတ် စစ်ထိဖန် ကဆိုသည်။
.

SHARE THIS NEWS

OTHER NEWS