25 April 2024

စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၁

 

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကျဆင်းလာသည့်အခါ အကြောင်းရင်း ၄ ခုကြောင့် ရာဘာဈေးနှုန်းကို၁ ကီလိုဂရမ် ဘတ် ၆၀ အထက်တွင်ရှိနေစေမည်ဟု

ထိုင်းစိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီး ချလုန်းချိုင်စီးအွန် ဆို။

 

ရာဘာအဓိကထုတ်လုပ်သည့် ဗီယက်နမ်နိုင်ငံတွင်ရေကြီးရေးလျှံမှုနှင့်ရင်ဆိုင်နေရခြင်း၊ အင်ဒိုနီးရှားနိုင်ငံတွင်ရာဘာရွက်ကြွေသည့်ပြဿနာနှင့်

ရင်ဆိုင်နေရခြင်း၊ ထိုင်းနိုင်ငံတွင်ကိုဗစ်ကြောင့်လုပ်သားရှားပါးမှုနှင့်ရင်ဆိုင်ရ၍ ရာဘာထုတ်လုပ်အားကျဆင်းခြင်း စသည့်အကြောင်းရင်းများကြောင့်

ကိုဗစ်အလွန်တွင်ရာဘာဈေးနှုန်းကို ၁ ကီလိုဂရမ်လျှင် ဘတ် ၆၀ နှင့်အထက်တွင်ရှိနေစေမည်ဟု ဝန်ကြီးကဆိုသည်။

 

လတ်တလောတွင်ရာဘာပျမ်းမျှဈေးသည် ၁ ကီလိုဂရမ်လျှင် ဘတ် ၆၀ တွင်ရှိနေပြီး ရာဘာတောင်သူများအတွက်အဆင်ပြေသည့်ဈေးနှုန်းဖြစ်ကြောင်း၊

သို့သော် ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် မြန်မာလုပ်သားများရာဘာမခြစ်နိုင်ခြင်း၊ ပို့ဆောင်ရေးအခက်အခဲရှိနေခြင်း၊ အလုပ်သမားများ ကိုဗစ်ကူးစက်ခံရ၍

ရာဘာကုန်ချောစက်ရုံများရပ်နားထားရခြင်း စသည့်အကြောင်းရင်းများက ရာဘာဈေးနှုန်းကို တကျော့ပြန် ဦးမော့လာစေမည်ဟု ၎င်းကခန့်မှန်းသည်။

 

ရာဘာဈေးနှုန်း ၁ ကီလိုဂရမ် ဘတ် ၆၀ အောက်ရောက်ရှိနေလျှင် အစိုးရမှ ရာဘာစိုက်‌တောင်သူများကိုနစ်နာကြေးထောက်ပံ့သည့်စီမံချက်ကို

ဆက်လက်ဖော်ဆောင်နေပြီး ထိုင်းနိုင်ငံရာဘာလုပ်ငန်းအဖွဲ့ချုပ်မှရာဘာဈေးနှုန်းကို ဘတ် ၆၀ အောက်မထိုးဆင်းသွားအောင် ကျားကန်ပေးသည့်

စီမံချက်တစ်ရပ်ကိုဖော်ဆောင်ရန်ပြင်ဆင်နေသည်ဟု အဖွဲ့ချုပ်ဉက္ကဌကဆိုသည်။

SHARE THIS NEWS

OTHER NEWS