27 April 2024

ထိုင်းတွင် အသားငါးဈေးမြင့်တက်လာပြီးနောက် မိကျောင်းသားရောင်းအား ၇၀ ရာခိုင်နှုန်းမြင့်တက်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်သတင်းပတ်များအတွင်း ဝက်သား ကြက်သား ကြက်ဉ ငါး စသည့်လူစားများသောအသားငါးများဈေးမြင့်တက်သွားပြီးနောက် ပြည်သူများက မိကျောင်းသားဝယ်စားသည့်ဂယက်ထသွားပြီး မိကျောင်းသားရောင်းအား ၇၀ ရာခိုင်နှုန်းတိုးတက်လာသည်ဟု ထိုင်းနိုင်ငံအလယ်ပိုင်း နခေါ်ပထုမ်ခရိုင်ရှိ မိကျောင်းကန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မိကျောင်းသားသည် ပရိုတိန်းဓာတ်ကြွယ်ဝပြီး အဆီနည်းပါးခြင်းကြောင့် ဝက်သားထက် ကျန်းမားရေးအတွက်သင့်တော်သည်ဟု ကန်အကျယ် ၂၀ ဧကအပေါ်တွင် မိကျောင်းကောင်ရေ ၁၂၀၀၀ မွေးမြူထား သူ ရဲဗိုလ် ဝိချိုင် ရွန့်ထဝီချိုင် အသက် ၆၄ နှစ်ကဆိုသည်။

နေ့စဉ်မိကျောင်းသား ၂၀ ကီလိုဂရမ်အထိရောင်းနေရသည်ပြီး ၁ ကီလိုဂရမ်ကို ဘတ် ၂၀၀ မှ ၅၀၀ အထိရှိသည်ဟု ဆိုသည်။

မိကျောင်းများကို သဘာဝအတိုင်းမွေးမြူထားခြင်းကြောင့် ဓာတုကင်းစင်၍ စားသုံးသူအတွက် ကျန်းမာရေးအထောက်အကူပြုသည်ဟု ဆိုသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS