26 April 2024

ခေါက်ဆွဲခြောက်ဟာ ထိုင်းနိုင်ငံမှာသာမက နိုင်ငံတစ်ဝှမ်းရှိ ဈေးကွက်တွင် လူကြိုက်များတဲ့ အသင့်အစားအစား အစာတစ်ခုဖြစ်ပါတယ်။

ထိုင်းမှာကုန်ဈေးနှုန်းအတော်များများ မြင့်တက်နေပေမယ့်လို့ ခေါက်ဆွဲခြောက်အမြောက်အများထုတ်လုပ်တဲ့ Thai President Foods Public Company Limited ကတော့ သူတို့ရဲ့ထုတ်ကုန် အသင့်စားခေါက်ဆွဲခြောက် တွေကို ဈေးမြှင့်ရောင်းချသွားမှာမဟုတ်ဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

“ကုန်ကြမ်းတွကိုဝယ်ယူရာမှာ အရင်ကထက် ကုန်ကျစရိတ်မြင့်မားလာပါတယ် ဒါပေမယ့် အခုချိန်ထိတော့ ကုမ္ပဏီတွင်းဖြေရှင်းနိုင်တဲ့ အပိုင်းဖြစ်နေတာကြောင့် စားသုံးသူတွေအပေါ် မသက်ရောက်အောင် ဈေးနှုန်းကို ချိန်ဆ ထိန်းညှိနိုင်ဖို့လိုပါတယ် ဒါဟာသတင်းကောင်းဖြစ်ပြီး ပြည်သူတွေရဲ့ နေထိုင်မှုစရိတ်ကိုလျှော့ချ နိုင်အောင် မာမား အသင့်စားခေါက်ဆွဲခြောက်တွေကို ဈေးမြှင့်တင်ရောင်းချမှာမဟုတ်ဘူး” လို့ ထုတ်လုပ်သူကဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့ ကုန်ဈေးနှုန်းတွေ ဆက်လက်ဈေးမတက်စေရန် ကုန်သည်များ၊ ထုတ်လုပ်သူများနှင့် ဆွေးနွေးလျက်ရှိကြောင်း သိရပါတယ်။

SHARE THIS NEWS

OTHER NEWS