10 May 2024

ဩဂုတ် ၁၇ ရက် ၂၀၂၁

 

အာဖဂန်နစ္စတန်မှထွက်ခွာလိုသော အာဖဂန်ပြည်သူများနှင့်နိုင်ငံခြားသားများကို ထွက်ခွာခွင့်ပြုရန် နှင့် လေဆိပ်များ

နယ်စပ်ဖြတ်ကျော်ဂိတ်များကိုပိတ်ထားခြင်းမပြုဘဲ ပြည်ဝင်ခွင့်ပြုရန် နိုင်ငံပေါင်း ၆၀ က ပူးတွဲကြေညာထားသည်။

 

အာဖဂန်ဗဟိုအာဏာပိုင်များနှင့်ဒေသန္တရအာဏာပိုင်များသည် အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်များကို

အကာအကွယ်ပေးရမည်ဖြစ်ပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းရေးကိုချက်ချင်းပြန်လည်ထူထောင်ရမည်ဟု အမေရိကန်အပါအဝင်

ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ ကာတာ၊ ယူကေ စသည့်နိုင်ငံပေါင်း ၆၀ ကပူးတွဲ

ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းထားသည်။

 

တဆက်တည်းတွင် အာဖဂန်ပြည်သူများသည်လုံခြုံစွာနှင့်ဂုဏ်ရှိစွာနေထိုင်ခွင့်ရရှိမည်ဟု ဖော်ပြထားပြီးကမ္ဘာတဝန်းလုံးက

၎င်းတို့ကိုအကူအညီပေးသွားမည်ဟု ဆိုသည်။

 

 

လတ်တလောတွင် အမေရိကန်တပ်သား ၆ ထောင်ခန့်သည် အာဖဂန်တွင်ယာယီတပ်ဆွဲထားပြီး လေထီး တပ်အမှတ် ၈၂ မှ

 

စစ်အင်အား ၁ ထောင်ထပ်မံရောက်ရှိလာသည်ဟု အရာရှိတစ်ဦးကဆိုသည်။

 

အမေရိကန်တပ်သားများ၏တာဝန်သည် အမေရိကန်နိုင်ငံသားအပါအဝင် နိုင်ငံခြားသားများ အာဖဂန်မှဘေးအန္တရာယ်ကင်း

 

စွာထွက်ခွာနိုင်ရန်အကာအကွယ်ပေးခြင်းဖြစ်ပြီး ရှုပ်ထွေးမှုမဖြစ်ပေါ်လာစေရေးအတွက် လေကြောင်းသွားလာမှုကိုထိန်းချုပ်

ထားရန်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသည်။

SHARE THIS NEWS

OTHER NEWS