3 May 2024

အိုမီခရွန်ကူးစက်မှုကိုကာကွယ်ရန်အတွက် ဌာနအားလုံးအိမ်မှာနေ၍အလုပ်လုပ်ရန်နှင့် ATK စစ်ဆေးရန် ချင်းမိုင်ခရိုင်ကူးစက်ရောဂါကော်မတီ ညွှန်ကြား။

အိုမီခရွန်ကူးစက်မှုကိုကာကွယ်ရန်အတွက် နှစ်သစ်ကူးပွဲတော်အလွန်တွင် ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများ နှင့် ဈေးများတွင် အိမ်မှာနေ၍အလုပ်လုပ်ရန်အတွက်စဉ်းစားပေးရန်၊ ATK စနစ်ဖြင့် ကိုဗစ်-၁၉ နှစ်ကြိမ်စစ်ဆေးရန် ခရိုင်ကူးစက်ရောဂါကော်မတီမှထုတ်ပြန်ထားသည်ဟု ချင်းမိုင်ခရိုင်ပြည်သူ့ကျန်းမာရေးဌာနကဖော်ပြထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် ၁ ကြိမ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ၁ ကြိမ်စစ်ဆေးပြီး အထောက်အထားသိမ်းဆည်းထားရန် ညွှန်ကြားထားသည်။

ဌာနအားလုံးမှ ဘေးအန္တရာယ်ကင်းရေးအစီအမံ (Covid Free Setting) ကို တင်းတင်းကျပ်ကျပ်လိုက်နာကြရန်ညွှန်ကြားထားသည်။

ထို့ပြင် လူစုလူဝေးပြုလုပ်ခြင်းများကိုရှောင်ကြဉ်ကြရန် လိုအပ်လျင်အွန်လိုင်းမှတဆင့်ပြုလုပ်ရန် သို့သော် အစိုးရလုပ်ငန်းများအပေါ်ထိခိုက်မှုရှိနိုင်လျင် ကိုဗစ်-၁၉ အစီအမံအောက်တွက်ကျင်းပရန်နှင့် စားပွဲ သောက်ပွဲများမကျင်းပရန် ညွှန်ကြားထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS