26 April 2024

Game server အလိုက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဂိမ်းတွေချိတ်ဆက် ကစားလို့ရနေတာကြာခဲ့ပါပြီ ဒါပေမယ့် POPCAT လိုကစားရလွယ်ကူပြီး အချိန်တို အတွင်းမှာ ပေါက်ရောက်သွားတဲ့ ဂိမ်းမျိုးတော့ရှားပါတယ်။ အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ကြောင်လေးတစ်ကောင် ပါးစပ်ဟနေတဲ့ ပုံလေးကို အနည်းနှင့်အများ လူမှုကွန်ရက်အသုံးပြုသူတွေ တွေ့မြင်ဖူး ကြပါလိမ့်မယ်။

 

 

POPCAT ကဘာလဲ ?

POPCAT ဟာအရမ်းကိုလွယ်ကူပြီးရိုးရှင်းလှတဲ့ဂိမ်းပါ ‌ဒေါင်းလွတ်လဲလုပ်စရာမလိုပါဘူး (https://popcat.click/) သူ့ရဲ့ဝဘ်ဆိုဒ်လင့်ခ်ထဲဝင်ပြီး ကြောင်ရုပ်လေးကိုနှိပ်နေရုံပါပဲ။ ဂိမ်းအမှတ်ရလဒ်ကိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုပေါင်းပြီး ရေတွက်တာပါ။ တစ်ယောက်ထဲကြိုးစားပြီးနှိပ်နေလို့ နံပါတ် ၁ နေရာ ရနိုင်မှာမဟုတ်ဘဲ နိုင်ငံအလိုက် စုပေါင်းပြီး ဝိုင်းဆော့မှသာလျင် အပေါ်ဆုံးချိတ်နိုင်မှာပါ။

 

 

POPCAT ရဲ့ World Ranking ထဲမှာ 208 နိုင်ငံပါဝင်ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံဟာ နံပါတ် ၁ နေရာယူထားပြီး အဲဒီထဲမှာမှ ထိုင်းနိုင်ငံဟာ မနေ့တစ်နေ့လောက်ကမှဝင်ဆော့တာဖြစ်ပြီး တိုင်ဝမ်နဲ့အပြိုင်အဆိုင်ဖြစ်လို့နေပါတယ်။ မြန်မာနိုင်ငံကတော့ အဆင့် ၃၄ နေရာမှာချိတ်နေပါတယ်။

SHARE THIS NEWS

OTHER NEWS