10 May 2024

မြင်းအရောင်းအဝယ် စပြီ
.
ဩဂုတ် ၂၅ ရက်၊ ၂၀၂၃
.
သတင်းစာမှာတော့ မြင်းအရောင်းအဝယ် (Horse trading) လို့ သုံးကြတယ်။ ညွန့်ပေါင်း ၁၁ ပါတီအကြား သူ ဘယ်နေရာ၊ ကိုယ်ဘယ်နေရာ ညှိကြတာပေါ့။ အဲဒီမှာ ပြည်ထဲရေးဝန်ကြီးနေရာ လိုချင်ကြသူများတယ်။ ထိုင်း နိုင်ငံရေးမှာ ကြည့်လိုက်ရင် ညွန့်ပေါင်းထဲပါတဲ့ ခေါင်းဆောင်တွေက ဒု-ဝန်ကြီးချုပ် ဖြစ်ကြတာ များတယ်။
အခု ကြားသမျှသတင်းတွေအရတော့ နိုင်ငံခြားရေးဝန်ကြီးက ဂျူလာပွန် အမွန်ဝိဝတ် Julapun Amornvivat ဖြစ်လာမယ်လို့ ဆိုတယ်။ သူက ဘယ်သူပါလဲ။ ဖွေ့ထိုင်းပါတီရဲ့ ဒု ခေါင်းဆောင်နဲ့ လွှတ်တော်အမတ်၊ ချူလာ လောင်ကောင် တက္ကသိုလ်ကနေ စီးပွားရေးပညာနဲ့ ဘွဲ့ရတယ်။
.
အရင် နိုင်ငံခြားရေးဝန်ကြီး ဆွန်ပေါင် အမွန်ဝိဝတ် Sompong Amornvivat ရဲ့သား။ ဆွန်ပေါင်က အရင် သက်ဆင် ဝန်ကြီးချုပ် ဖြစ်စဉ် ၂၀၀၈ လောက်က နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ်ဟောင်း။ ထိုင်းရဲဗိုလ်ချုပ်ရဲ့ ညီ) နိုင်ငံခြား ရေးမူဝါဒတွေ ပြောင်းမလား၊ မသိရသေးဘူး။
.
ဆောင်းပါ : ဆရာအောင်သူငြိမ်း
.

SHARE THIS NEWS

OTHER NEWS