6 May 2024

မြန်မာအမျိုးသမီးတဦးအား ခြေကျင်းဝတ်နှင့် လက်များကို သံကြိုးဖြင့် တုပ်နှောင်ထားသည့် ဗီဒီယိုဖိုင်အား TikTok လူမှုကွန်ရက်ပေါ် တင်ခဲ့သည့် မြန်မာ အမျိုးသားတဦးနှင့် အမျိုးသမီးတဦးတို့ကို ပြန်ပေးဆွဲမှု စွပ်စွဲချက်ဖြင့် ထိုင်းရဲက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

 

ဘန်ကောက်မြို့ မြောက်ဘက်ရှိ ပထုန်ဌာနီတွင် မြန်မာလူမှုမီဒီယာ အသုံးပြုသူများကြား နာမည်ကြီးသူ တဦးဟု ယူဆရသည့် အဆိုပါ အမျိုးသမီးကို သံသယရှိသူများက ဖမ်းဆီးခေါ်သွားခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲခံထားရသည်ဟု သိရသည်။

 

လူမှုမီဒီယာ အသုံးပြုသူ ထိုင်းနိုင်ငံသားတဦးက ယင်း ဗီဒီယိုကို သတိပြုမိခဲ့ပြီးနောက် မတရားခေါ်ဆောင်ထားသည့် မြန်မာအမျိုးသမီးကို လွှတ်ပေးရန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အမျိုးသမီးကို ပြန်ပေးဆွဲ ခေါ်ဆောင်ထားသည်ဟု စွပ်စွဲခံထားရသူများက အမျိုးသမီးကို လွှတ်ပေးပြီး ဘန်ကောက်သို့ ထွက်ပြေးခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

 

ပြန်ပေးဆွဲခံရသည့် မြန်မာအမျိုးသမီးက ထိုင်းရဲကို တိုင်ကြားခဲ့ပြီး TikTok ဗီဒီယိုကို သက်သေအဖြစ် တင်သွင်းခဲ့ကြောင်းလည်း သိရသည်။

SHARE THIS NEWS

OTHER NEWS