26 April 2024

,

အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ထိုင်းထီဘတ် ၆ သန်းကံထူးပြီးနောက် တစ်ဦးလျင် ဘတ် ၃ သန်းစီခွဲဝေကြပြီး အချစ်ဆုံးသူငယ်ချင်းအဖြစ်

ဘဝအဆက်ဆက်ပြန်လည်ဆုံတွေ့ကြရန် ရည်စူး၍အတူတကွ ကောင်းမှုကုသိုလ်ပြုခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်နေ့တွင် “နောင်းဖူဖား ယူကပ်” (น้องภูผา อยู่กับ) ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်မှ သူငယ်ချင်းနှစ်ဦးကိုတက်တွဲပြီး

ဩဂုတ် ၁၆ (၂၀၂၁) အပတ်စဉ်ပထမဆုထီလက်မှတ်နှင့်အတူ“အကြွေးကျေပြီအမျိုးတို့ရေ ဒီအပတ်တော့ဒရာမာပဲနော်” ဟု ကက်ပ်ရှင်

ရေးတင်ခဲ့သည်။

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ လေခရိုင်၊ လေမြို့နယ်၊ နမ်းစွဲကျေးရွာအုပ်စုတွင်နေထိုင်ကြသည့်ဖိကွန်နှင့်စုမာလီတို့သည့် အချစ်ဆုံး

သူငယ်ချင်းများဖြစ်ကြပြီး အေးအတူပူအမျှ မျှဝေတတ်သည့်သူငယ်ချင်းများဖြစ်သည့်အပြင် အလုပ်အကိုင်များကိုအတူတူလုပ်ဖြစ်

လေ့ရှိကြသည်ဟု သိရသည်။

၎င်းတို့သူငယ်ချင်းနှစ်ဦးသည်ထီစပ်တူထိုးလေ့ရှိပြီး ပြီးခဲ့သည့်အပတ်တွင် ပထမဆုဂဏန်း ၀၄၆၇၅၀ ကိုထိုးဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

ထီမထိုးခင်ရက်ပိုင်းတွင် မယောင် (ခ) ဖိကွန် ဖင်ဆားလီက ဟောင်းနွမ်းနေသည့်မော်တော်ဆိုင်ကယ်တစ်စင်းကိုမြင်မက်ခဲ့ပြီး စုမာလီမှာ

အဝါရောင်မှိုများကိုမြင်မက်ရာက နှစ်ဦးသားဂဏန်းကောက်ပြီး အနောက်ပိတ် ၇၅၀ နှင့် ၀၅၇ ထီနှစ်ဆောင်ကိုစုထိုးခဲ့ကြသည်ဟု ပြောပြသည်။

ထီဆုငွေ ဘတ် ၆ သန်းကိုတစ်ဦးလျင် ၃ သန်းစီခွဲဝေယူကြပြီး ယင်းငွေများဖြင့်အကြွေးလိုက်ဆပ်မည်ဟုဆိုသည်။ တချိန်တည်းတွင်

နှောင်ဘဝအဆက်ဆက်အချစ်ဆုံးသူငယ်ချင်းများအဖြစ်ရေစက်ဆုံနိုင်ရန် အတူတူကောင်းမှုကုသိုလ်ပြုကြမည်ဟု မီဒီယာများကို

ပြောကြားသည်။

SHARE THIS NEWS

OTHER NEWS