29 April 2024

PJ စာအုပ်ပြလုပ်မည့်သူများ ရက်ချိန်းတိုကင် ယူရန်မလိုတော့ဟု မြန်မာသံရုံး ထုတ်ပြန်
.
ဩဂုတ် ၃၁ ရက်၊ ၂၀၂၃
.
ဗန်ကောက်အခြေစိုက် မြန်မာသံရုံးတွင် PJ အမျိုးအစား နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်လိုသူများ အနေ ဖြင့် ရက်ချိန်းတိုကင် ရယူခြင်းမရှိဘဲ လာရောက်ပြုလုပ်နိုင်ပြီဟု မြန်မာသံရုံးက ယနေ့နေ့လည်ပိုင်းတွင် အသိ ပေးထုတ်ပြန်ထားသည်။
.
“PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ၃၁-၃-၂၀၂၄ ရက်နေ့တွင် သက်တမ်းကုန်သူ များအား စာအုပ်အသစ်ပြုလုပ် ပေးရန်အတွက် ၂၉-၇-၂၀၂၃ ရက်နေ့မှစတင်၍ စနေနေ့တိုင်း လူကိုယ်တိုင် ရက်ချိန်းတိုကင် လာရောက်ယူခြင်းကို စီ စဉ်ခဲ့ပါသည်” ဟု ဖော်ပြထားသည်။
.
မည်သို့ဆိုစေ ၃၀-၆-၂၀၂၄ ရက်နေ့အတွင်း စာအုပ်သက်တမ်း ကုန်ဆုံးသူများကိုသာ ပြုလုပ်ပေးမည်ဟု သိရသည်။
“ယခုအခါ ရက်ချိန်းတိုကင် ရယူသူအရေအတွက်မှာ အလွန်နည်းပါးသွားပြီဖြစ်၍ လာမည့် ၂-၉-၂၀၂၃ ရက်နေ့ (စနေနေ့) မှစ၍ ရက်ချိန်းတိုကင်ပေးခြင်းကို ရပ်ဆိုင်း (ရပ်ဆိုင်း) သွားမည်ဖြစ်ကြောင်းနှင့် PJ နိုင်ငံကူးလက်မှတ် အသစ် ပြုလုပ်လိုသူများအနေဖြင့် ရုံးဖွင့်ရက်များတွင် မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ ရက်ချိန်းတိုကင်မလိုအပ်ဘဲ ကိုယ်တိုင်လာရောက်ပြုလုပ်နိုင်ပါကြောင်း၊ ၃၀-၆-၂၀၂၄ ရက်နေ့အထိ သက်တမ်းကုန်သူများကို ပြုလုပ်ပေးသွား မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်” ဟု ဆက်လက်ဖော်ပြထားသည်။
.

SHARE THIS NEWS

OTHER NEWS