27 April 2024

စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၁

 

မသမာသူများကအကွက်ဆင်ဖမ်းဆီးပြီး ငွေညှစ်ယူမှုကိုခံရနိုင်၍ မိမိမှာယူထားခြင်းမဟုတ်သည့် ပါဆယ်ထုပ်အမျိုးမျိုးကို လက်ခံခြင်းမပြုရန်

ထိုင်းစာတိုက်လုပ်ငန်းသတိပေး။

 

ရေပန်းစားလာနေသည့် အွန်လိုင်းမှဈေးဝယ်ယူသည့်စားသုံးသူများ၏အလေ့အထကို အခွင့်ကောင်းယူပြီး မသမာသူများသည် တရားမဝင်ပစ္စည်း

များထည့်ထားသည့်ပါဆယ်ထုပ်များကို စာတိုက်မှတဆင့်ပြည်သူထံပို့ဆောင်ပေးပြီးနောက် ရဲယောင်ဆောင်ပြီးဝင်ရောက်ဖမ်းဆီးကာ ငွေညှစ်ယူ

သည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစာတိုက်လုပ်ငန်းမှ အများပြည်သူအား ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့တွင် သတိပေးထုတ်

ပြန်ထားသည်ဟု သိရသည်။

 

အဆိုပါ မသမာဂိုဏ်းများကိုအမြန်ဆုံးဖမ်းဆီးအရေးယူရန်နှင့် ပါဆယ်ထုပ်များတွင်တရားမဝင်ပစ္စည်းပါ ဝင်ခြင်းရှိမရှိ သေချာစစ်ဆေးပြီးမှ

ပို့ဆောင်ပေးရန် ပြည်သူများက ထိုင်းစာတိုက်လုပ်ငန်းကို တောင်းဆိုထားသည်ဟု သိရသည်။

 

ထို့ကြောင့် ထိုင်းရောက်မြန်မာများအနေဖြင့် မိမိမှာယူထားခြင်းမဟုတ်သောပါဆယ်ထုပ်များကိုအ‌ချောင်လိုချင်စိတ်ဖြင့်လက်ခံမိပါက

မသမာသူများ၏ထောင်ချောက်ထဲရောက်ရှိသွားနိုင်ပြီးငွေညှစ်ခံရနိုင်ကြောင်း သတိပေးလိုပါသည်။

SHARE THIS NEWS

OTHER NEWS