10 May 2024

,

ဟာလန်းကို လီပါဗူးအသင်းမှာမြင်ချင်တယ်လို့ နောက်ခံလူဟောင်း ရစ်ဆီ ပြောကြား

■လီပါဗူးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူစေချင်တယ်လို့ လီပါဗူးအသင်းနောက်ခံလူဟောင်းဖြစ်တဲ့ ဂျွန်အာနီရစ်ဆီက Goal သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

အသက် ၂၁နှစ်သာရှိသေးတဲ့ နော်ဝေသားဂိုးသွင်းစက်ကို ခေါ်ယူချင်တဲ့ဥရောပထိပ်သီးကလပ်တွေဟာ အများအပြားရှိနေပြီးတော့ ဟာလန်းကလည်း လာမယ့်ရာသီမှာ ဒေါ့မွန်ကနေသေချာပေါက်ထွက်ခွာ တော့မှာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ၎င်းတို့ရဲ့ တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၄သန်းကနေ ၈၇သန်းကြား ရရင် ရောင်းချမှာဖြစ်ပြီးတော့ ဟာလန်းကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်တွေကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

လီပါဗူးအသင်းနောက်ခံလူဟောင်းဖြစ်တဲ့ ဂျွန်အာနီရစ်ဆီက ဟာလန်းကို လီပါဗူးအသင်းမှာကစားတာကို မြင်တွေ့ချင်ပြီးတော့ မန်စီးတီးအသင်းကိုသာရောက်သွားရင် မန်စီးတီးအသင်းကိုရပ်တန့်နိုင်တော့မှာ မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။

” ဟာလန်းက တကယ့်ကိုမယုံကြည်စရာကောင်းတဲ့ကစားသမားတစ်ဦးဖြစ်တဲ့အတွက် သူ့ကို လီပါဗူး အသင်းမှာမြင်တွ့ချင်ပါတယ်။ ကလော့ပ်ရဲ့ကစားကွက်နဲ့လည်း ဟာလန်းက အံဝင်ပါလိမ့်မယ်။ ကျနော်ထင်တာက ဟာလန်း လီပါဗူးအသင်းကိုကြိုက်မယ်ထင်ပါတယ်။ ဒါပေမယ့် မန်းစီးတီးအသင်း သာ သူ့ကိုရသွားမယ်ဆိုရင် မရှူံးနိုင်တဲ့အသင်းအကြောင်းကိုပြောတာက ပိုနီးစပ်ပါလိမ့်မယ်။ ဟာလန်းကို ရတဲ့ဘယ်အသင်းပဲဖြစ်ဖြစ် လာမယ့်နှစ်တွေမှာ မယုံကြည်စရာကောင်းတဲ့အသင်းတွေဖြစ်လာပါလိမ့် မယ်” လို့ လီပါဗူးနောက်ခံလူဟောင်း ရစ်ဆီကပြောကြားခဲ့တာဖြစ်ပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS