10 May 2024

ဓာတ်ပုံ ZinBo Aung

 

အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၁

 

စမွတ်ဆာခွန်ခရိုင် မဟာချိုင်းမြို့နယ်တွင် အသက် ၂ နှစ်ခန့်ရှိသည့် မြန်မာကလေးငယ်တစ်ဦးကို ကလေးထိန်းနှင့်အပ်ထားစဉ် အသက်သေဆုံး။

 

မြို့တော်ဗန်ကောက်အနောက်ဘက်ရှိ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်းမြို့နယ်တွင် အသက် ၂ နှစ်ခန့်ရှိ သည့်မြန်မာကလေးတစ်ဦးကို ကလေးထိန်းနှင့်အပ်ထားစဉ်အကြောင်းရင်းမသိဘဲအသက်သေဆုံးခဲ့သည် ဟု ZinBo Aung လူမှုကွန်ရက်အကောင့်တွင် ယမန်နေ့ကဖော်ပြထားသည်။

 

“ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ 2 နှစ် နီးပါး ကလေးတစ်ဦး ကလေးထိန်းနဲ့အပ်ထားစဉ် ရိုက်တာ ထုတာ များပြီး အတွင်းကလီစာ အသဲကြွေ အတွင်းဒဏ်ရာပြင်းထန်ပြီး တစ်လနီးပါးကြာတွင် သေဆုံးသွား ကလေးထိန်းကို အခုဖမ်းချုပ်ထားတယ်။ ကလေးဇာတိက-ပုလောမြို့ လယ်ဖက်ရွာကပါ ထိုင်းမှာရှိတဲ့ ကလေးမိခင်အများစုဟာကလေးတွေကို ပိုက်ဆံနဲ့ပေးထိန်းပြီး စက်ရုံအလုပ်လုပ်ရတာပါ” ဟု ဖော်ပြထားသည်။

 

 

တချိန်တည်းတွင် “သူ့အဒေါ်တွေကမြန်မာပြည်ကနေခေါ်လာပြီးကလေး ၃ ယောက်တောင်မှထိန်းခိုင်း တာ။အဲ့ဒီကောင်းလေးရိုက်မရိုက်တော့မသေချာဘူး။ သေချာတာကတော့အိမ်သာထဲမှာချော်လဲပြီး ဒဏ်ရာရတာရယ် အပြင်မှာဆော့ရင်းနဲ့လဲကျတာလည်း ဒဏ်တွေမနည်းရထားတယ်” ဟု สุขอยู่ที่ใจ จะสุขหรือทุข์อยู่ที่คน အကောင့်ကမှတ်ချက်ပြုထားသည်။

 

တဆက်တည်းတွင် “လူကြီးတွေမစစ်ဆေးဘဲပစ်ထားတာ ဦးနှောက်မှာသွေးထွက်ပြီး သွေးခဲသွားလို့သေ ရတာ၊ သေတာလဲဘယ်သူမှမသိဘူး ကလေးတွေသက်သက်အိပ်နေတာ မိုးလင်းမှလူကြီးတွေအလုပ်က ပြန်လာမှကလေးသေမှန်သိတယ်” ဟု ဆက်လက်မှတ်ချက်ပြုထားသည်။

 

တဖက်တွင်“ခလေးထိန်းသမားကမိန်ခလေးမဟုတ်ဘူး ယောက်ကျားလေးပါ သူ့ဦးလေးပါ အသက်က ၁၃ နှစ်ပဲရှိသေးတယ် အဲဒီသတင်းကသတင်းမှားတွေများနေလို့အခုလိုရှင်းပြရတာပါ” ဟု Khin Mu Yar လူမှုကွန်ရက်အကောင့်ကပြန်လည်ချေပထားသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS