11 May 2024

,

မင်းသမီးချော Kimberly က ပရိသတ်တွေ ဟတ်ထိ လောက်တဲ့ ဆံပင်စတိုင်အသစ်ကို သူ့ရဲ့ ဆိုရှယ်မီဒီယာ ပေါ်တင်ခဲ့ပါတယ်။ ဒီတစ်ခေါက်ဆံပင်ကေကို သူမရဲ့ရည်းစား  Mak Prin အနေနဲ့လည်း လုံးဝ အံအားသင့်သွားစေမှာပါ။ 

အမြဲတမ်း ဆံပင်အရှည်နဲ့ပဲ့ မြင်တွေ့ရတတ်တဲ့ မင်းသမီးချောလေး Mak Prin Suparat ရဲ့ နှလုံးချိုလေး Kimberly Ann Voltemas  ကတော့ ဆံပင်အရှည်ကိုစွန့်ပြီးခပ်မိုက်မိုက်ကောင်မလေး ပုံစံ နဲ့ ဆံပင်အတိုညှပ်လိုက်တာက ဖန်များအတွက် အံ့အားသင့်ခဲ့ရစေပါတယ်။ 

Kimberlyက သူ့ရဲ့ အင်စတာဂရမ်မှာ ဆံပင်တိုအလယ်ခွဲ ခပ်မိုက်မိုက်ပုံစံတင်ရာ ဖန်တွေက လာပြီးကွန့်မန့်ရေးကြပါတယ်။ ကျားကျားရားရား စကားပြောမယ်ကွာ ၊ ချောပြီးတော့မိမိုက် ၊ ချောနေရာပဲ ၊ အရမ်းမိုက်တာပဲကွာ ဆိုပြီး ရေးသားကြတဲ့အပြင် ကောင်လေး Mak ကလဲ မအောင့်နိုင်ဘဲနဲ့လာပြီးတော့ ကိုယ့်ချစ်သူကို ချောနေရောပဲ ဆိုပြီး ကွန်မန့်နဲ့ အသဲနှလုံး emoji လာပြီးလာပြီးတော့ ပေးခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS