26 April 2024

ထိုင်းနိုင်ငံတွင် ယေဘုယျအားဖြင့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအခြေအနေတိုးတက်ကောင်းမွန်လာသော်လည်း ခရိုင်များတွင်အစုအပြုံလိုက်ရောဂါကူးစက်မှုဖြစ်မည်ကို ထိုင်းအစိုးရစိုးရိမ်၊ ဗန်ကောက်ရှိ ဆောက်လုပ်ရေးတန်းလျားတစ်ခုတွင်ပိုးရှိလူနာ ၅၉ ဦးတွေ့ရှိ၊ ဘန်းကပိရှိမူးကထဆိုင်တစ်ခုတွင် ပိုးရှိလူနာ ၁၂ ဦးတွေ့ရှိ။

 

ယနေ့ (ဒီဇင်ဘာ ၁၇) ရက်နေ့တွင် အစုအပြုံလိုက်ပိုးကူးစက်မှု ၂ နေရာရှိခဲ့ပြီး ကရာဘီအကျဉ်းထောင်တွင် ၁၃၇ ဦး၊ ပတ္တာနီဗဟိုအကျဉ်းထောင်တွင် ၃၆ ဦးပါဝင်သည်ဟု ထိုင်းကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအခြေအနေစီမံအုပ်ချုပ်ရေးဗဟိုဌာန (CCSA) လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အဖိစမိုင်း စီးရန်စန်း ကဆိုသည်။

 

ထို့ပြင် ချွန်ဘူရီခရိုင်နှင့်မြို့တော်ဗန်ကောက် ခလောင်တိန်မြို့နယ်ရှိ ဆောက်လုပ်ရေးတန်းလျားများတွင်ATK စနစ်ဖြင့်လုပ်သား ၁၂၀ ဦးကိုပိုစစ်ဆေးရာတွင် ၅၉ ဦးပိုးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

 

 

တချိန်တည်းတွင် ဘန်ကပိရှိမူးကထဆိုင်တစ်ခုတွင် ပိုးရှိလူနာ ၁၂ ဦးတွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်းချက်အရ ပိုးရှိသူသည် ပိုးကူးစက်ခံထားရသည်ကိုမသိ၍ အခြားသူများနှင့်အချိန်ကြာမြင့်စွာ မူးကထတစ်အိုးတည်းထိုင်စားရာမှ ကူးပျံ့နှံ့ခဲ့သည်ဟု ဆိုသည်။

 

အလားတူ နိုင်ငံတကာနှစ်သစ်ကူးကာလတွင် နယ်ပြန်မည့်ပြည်သူများပြားခြင်းကြောင့် ခရိုင်းအသီးသီးကတင်းတင်းကျပ်ကျပ်စောင့်ကြည့်ရန်ညွှန်ကြားထားပြီး စက်ရုံအလုပ်ရုံနှင့်ဆောက်လုပ်ရေးတန်းလျားများမှပြန်လာသည့်သူများတွင် ရောဂါလက္ခဏာမပြဘဲပိုးကူးစက်နိုင်၍ အထူးစောင့်ကြည့်ရန် တိုက်တွန်းထားသည်။ လုပ်ငန်းခွင့်သို့ပြန်လည်ရောက်ရှိသည့်အခါတွင်လည်း ပိုးစစ်ဆေးမှုပြုရန်ထပ်လောင်းညွှန်းကြားထားသည်။

 

 

စက်ရုံအလုပ်ရုံများတွင် လူဦးရေ ၃၀၀ နှင့်အထက်စားပွဲကျင်းပမည်ဆိုလျှင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး သို့မဟုတ် ခရိုင်ရောဂါကူးစက်မှုကော်မတီထံခွင့်ပြုချက်ယူရမည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS