28 April 2024

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အသက် ၂၃ နှစ်အရွယ် သူနာပြုအကူ ကျောင်းသူ တစ်ဦးဟာ No Bra ဝတ်စုံဝတ်ပြီး တိုကျိုခေါက်မုန့် ရောင်းခဲ့ရာက လတ်တစ်လော သူမဆိုင်ဟာ လာရောက်စားသုံးသူတွေဟာ တန်းစီပြီး စောင့်ရလောက်အောင် ရောင်းကောင်းနေတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

 

သူမနာမည်က Olive ပါ သူမဟာလက်ရှိတွင် သူနာပြုအကူ ကျောင်းသူ တစ်ဦးဖြစ်ပြီး ကျောင်းတတ်နေရင်း အွန်လိုင်းစတိုးဆိုင်တစ်ဆိုင်ဖွင့်ထားသူလည်း ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ သူမရဲ့ အွန်လိုင်းစတိုးဆိုင်မှာ တင်ရောင်းတဲ့ အင်္ကျီတွေ ရောင်းအားကျ သွားခဲ့ရာက ချင်းမိုင်မှာသိပ်မရှိတဲ့ တိုကျိုခေါက်မုန့် ဆိုင်လေးဖွင့်ခဲ့တာပါ။

 

တိုကျိုခေါက်မုန့်ဆိုင် ဖွင့်ပြီး ၃ လ လောက်ဟာ သိပ်ရောင်းမကောင်းခဲ့ဘူးလို့ Olive ကပြောပါတယ်။ အဲဒီနောက် သူမဟာ အွန်လိုင်းစတိုးဖွင့်စဉ်က ကျန်ရှိနေသေးတဲ့ ဖက်ရှင်အင်္ကျီလေးကို ဘရာမပါဘဲ ဝတ်ပြီး ရောင်းကြည့်ခဲ့တဲ့ နေ့ကစလို့ ယောင်္ကျားလေးတွေ ကျိကျိတိုး လာရောက်အားပေးခဲ့တာဖြစ်ပြီး အခုဆိုရင် ထိုင်းမီဒီယာတွေက အကြိတ်အနယ်ဖေါ်ပြလို့ အခုဆိုရင် တစ်နိုင်ငံလုံးသူမကို သိနေကြ ပြီဖြစ်ပါတယ်။

 

NO Bra ဝတ်စုံဝတ်ပြီးရောင်းဖြစ်ခဲ့တဲ့အပေါ် မေးမြန်းခဲ့ရာ Olive က အရင်ကတည်းက သူမဟာ ခေတ်ရေစီးကြောင်းအတိုင်း ဖက်ရှင်အင်္ကျီတွေကို ဝတ်ဆင်တာ ဝါသနာပါသူဖြစ်ကြောင်း အခု သူမဝတ်တဲ့ No Bra ဝတ်စုံဟာလည်း ဖက်ရှင်အမြင်နဲ့ကြည့်မယ်ဆိုရင် ဖက်ရှင်တစ်မျိုးသာဖြစ်တယ်လို့သူမကပြောပါတယ်။

ထပ်မံပြီး သူမက သူမရဲ့ဆိုင်ကို လာရောက်အားပေးကြတဲ့သူအများစုဟာ ယောင်္ကျားလေးတွေ ဖြစ်ပြီး တိုကျိုခေါက်မုန့် ဝယ်တဲ့အပြင် ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်ပေါ်တင်ဖို့လည်း သူမကို ခွင့်တောင်းကာ ဓာတ်ပုံတောင်း ရိုက်ကြတယ်လို့ဆိုပါတယ်။

 

No Bra တိုကျိုခေါက်မုန့်ဆိုင်ကို လာရောက် အားပေးတဲ့ အမျိုးသားတစ်ဦးကို မေးမြန်းကြည့်ခဲ့ရာ “ဆိုရှယ်မီဒီယာပေါ်မှာ တွေ့လို့ အိမ်တိုင်ယာရောက် လာအားပေးတာပါ။ ဒီလို ဆန်းပြားတဲ့ ပုံစံနဲ့ရောင်းတာ ကိုသဘောကျပါတယ်။ တိုကျိုခေါက်မုန့်က စားကောင်းတဲ့အပြင် ဈေးသည်က Sexy ကျ တော့ လန်းဆန်းသလို ခံစားရတယ် နောက်ဆိုလည်း အမြဲလာအားပေးမှာပါ” လို့ဖြေဆိုခဲ့ပါတယ်။

 

 

 

 

 

 

 

 

 

SHARE THIS NEWS

OTHER NEWS