29 April 2024

ဩဂုတ် ၂၀ ရက်၊ ၂၀၂၁

 

ဖေ့စ်ဘွတ်ပရိုဖိုင်အတုအသုံးပြုပြီး အသက် ၃၂ နှစ်အရွယ် ဘူရီရမ်ခရိုင်ဇာတိအမျိုးသမီးတစ်ဦးကို

သွေးဆောင်ဖြားယောင်းပြီး ကာမလိမ်လည်မှုပြုသူ စီးစကက်ခရိုင်နေ အသက် ၃၆ နှစ်အရွယ် အမျိုးသား

တစ်ဦးကို ဘင်ကျလတ်နယ်မြေရဲစခန်းမှဖမ်းဆီးအရေးယူ။

 

လူမှုကွန်ရက်ပရိုဖိုင်ပုံအတုအသုံးပြုပြီး သူမအားစီးစကက်ခရိုင်သို့လာရောက်တွေ့ဆုံရန် သွေးဆောင်ဖြား

ယောင်းခဲ့သည်ဟု ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ခရိုင် ပရခွန်ချိုင်မြို့နယ်တွင် နေထိုင်သူ အသက်

၃၂ အရွယ် အမျိုးသမီးထံမှတိုင်ကြားချက်လက်ခံရရှိပြီးနောက် စီးစစက်ခရိုင် ဖိုင်နောင်းခဲကျေးရွာတွင်

နေထိုင်သူ အသက် ၃၆ နှစ်အရွယ်အမျိုးသားတစ်ဦးကို ဘင်ကျလတ်နယ်မြေရဲစခန်းမှ ဖမ်းဆီးစစ်ဆေးမှု

ပြုခဲ့သည်ဟု သိရသည်။

 

နတ္ထဝုဒ်ဆိုသူသည် “အစူးရကိုင်” အမည်ရှိဖေ့စ်ဘွတ်အကောင့်ကိုအသုံးပြုပြီး လူချောတစ်ဦး၏ပုံကို

ပရိုဖိုင်ပုံအဖြစ်သုံးထားကြောင်း “ပရိုင်ဖိုင်ပုံနှင့်ရုပ်မတူလျင် ဇာတ်လမ်းပြတ်ကြောင်း”တရားခံကိုသူမ

ကြိုပြောထားသော်လည်း သူမရောက်ရှိသွားသည့်အခါ ဆိုင်ကယ်နောက်လိုက်စီးသွားရန်အကျပ်ကိုင်၍

အိမ်သို့ခေါ်ဆောင်သွားပြီး ၂ ကြိမ် (—) ပြုခဲ့သည်ဟု နစ်နာသူအမျိုးသမီးကထွက်ဆိုသည်။

 

ရဲတပ်ဖွဲ့မှဝင်ရောက်ဖမ်းဆီးချိန်တွင် သံသယတရားခံသည်အဝတ်အစားဗီရိုထဲသို့ဝင်ပုန်းခဲ့သည်ဟု ဆိုသည်။

၎င်း၏အိမ်တွင် စမတ်ဖုန်း ၂ လုံး၊ အဝတ်အစားအိတ် ၂ လုံး၊ နစ်နာသူအမျိုးသမီး၏ထိုင်းနိုင်ငံ

သားမှတ်ပုံတင် စသည်တို့ကိုတွေ့ရှိခဲ့ပြီး သက်သေခံပစ္စည်းအဖြစ်သိမ်းဆည်းခဲ့သည်ဟု ရဲကဆိုသည်။

 

ကာမလိမ်လည်သူကို ဆီးစစ်ဆေးရာတွင် မူးယစ်ဆေးသုံးစွဲထားသည့် လက္ခဏာတွေရှိ့ရ၍ မူးယစ်ဆေး

ဝါးသုံးစွဲမှုဖြင့် စွဲချက်တင်ထားသည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့၊ ည ၁၂ နာရီအချိန်တွင် အမျိုးသမီးဖြစ်သူရောက်ရှိလာပြီး ပရိုဖိုင်ပုံနှင့်

မတူသည်ကိုတွေ့ရ၍ ဘူရီရမ်သို့ပြန်သွားမည်ဟု ဆိုသည်။ ညဉ့်နက်ပြီဖြစ်၍ နောက်နေ့မနက်မှပြန်ရန်

ပြောခဲ့ပြီး မောပန်းခြင်းတစ်ခုကို ၂ ကြိမ်ဖန်တီးဖြစ်ခဲ့သည်ဟု ဆိုသည်။ ကာမလိမ်လည်ခြင်းမဟုတ်ဘဲ

အမျိုးသမီးဘက်ကလိုက်လျောခြင်းသာဖြစ်သည်ဟု ဆိုသည်။ ထို့နောက်အမျိုးသမီးက ၎င်းနေအိမ်မှ

ထွက်သွားခဲ့ပြီး စမတ်ဖုန်း၊ အဝတ်အစားအိတ်နှင့်ငွေသား ၄,၄၀၀ ဘတ်တို့ကိုယူဆောင်သွားခြင်းမပြုဟု

သံသယတရားခံကထွက်ဆိုသည်။

 

နစ်နာသူအမျိုးသမီးကိုထပ်မံစစ်ဆေးမှုပြုမည်ဖြစ်ပြီး ကာမလိမ်လည်မှုပြုသည်ဟု ထပ်မံထွက်ဆိုခဲ့

လျင် ကာမလိမ်လည်မှုပုဒ်မတစ်ခုထပ်တိုးစွဲချက်တင်မည်ဟု ဘင်ကျလတ်ရဲစခန်းမှူးကဆိုသည်။

SHARE THIS NEWS

OTHER NEWS