10 May 2024

ထိုင်းနိုင်ငံအနောက်ပိုင်း စိုင်ယို့မြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသောတရားမဝင်မြန်မာများကို အလုပ်သမားသံအရာရှိမှ ဆေးဝါးနှင့်စားသောက်ကုန်များ သွားရောက်ထောက်ပံ့။

ကန်ကျနဘူရီခရိုင် စိုင်ယို့မြို့နယ် စိုင်ယို့မြို့မရဲစခန်းတွင်ဖမ်းဆီးခံထားရသည့် တရားမဝင်မြန်မာများကိုဗန်ကောက်အလုပ်သမားသံအရာရှိမှသွားရောက်တွေ့ဆုံးပြီး ရေသန့်ဘူး၊ မက်စ်၊ ဆေးဝါး၊ မုန့်၊ အချိုရည်၊ တစ်ရှူးလိပ်၊ အသင့်စားအစားအစာ စသည့်အခြေခံစားသုံးကုန်များကိုထောက်ပံ့ပေးခဲ့သည်ဟု အလုပ်သမားသံအရာရှိရုံးလူမှုကွန်ရက်စာမျက်နှာတွင် တရားဝင်ဖော်ပြထားသည်။

 

 

တချိန်တည်းတွင် ထိုင်းနိုင်ငံသို့တရားဝင်ဝင်ရောက်လာနိုင်သည့်နည်းလမ်းများ၊ တရားဝင်ရွှေ့ပြောင်းလုပ်ကိုင်ခြင်း၊ တရားမဝင်ရွှေ့ပြောင်းလုပ်ကိုင်ခြင်း၏ အားသာချက်နှင့်အားနည်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ထပ်မံ၍တရားမဝင်ဝင်ရောက်လာခြင်းမပြုရန်၊ မိသားစုဝင်များ၊ ဆွေမျိုးများ၊ ညီအစ်ကိုမောင်နှမများ၊ မိတ်ဆွေများကိုလည်း တရားမဝင်ဝင်ရောက်လာခြင်းမပြုရေး ထပ်ဆင့်ပြောကြားပေးရန် အသိပညာပေးဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS