29 April 2024

————————————–

အောက်တိုဘာ ၇ ရက်၊ ၂၀၂၁

 

ထန်တလန်ဒေသခံတွေဟာ စားဝတ်နေရေးခက်ခဲနေရတဲ့အပြင်ကိုဗစ်ကူးစက်မှုတွေပါခံနေရပြီး၊ စစ်ကောင်စီဘက်က ပစ်လိုက်လို့သေဆုံးသူတွေရှိသလို နေအိမ်မီးလောင်ဆုံးရှုံးမှုတွေဖြစ်ခဲ့လို့ မြို့လုံးကျွတ်နီးပါးနေအိမ်ကနေစွန့်ခွာထွက်ပြေးနေရပါတယ်။

 

 

ဒေသခံတွေဟာ နေအိမ်တွေဆီခေတ္တပြန်ချိန်မှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေခံနေရတယ်လို့ဒေသခံတွေကပြောပါတယ်။အောက်တိုဘာ ၆ ရက် ကလည်း ထန်တလန်မြို့ထဲမှာ ကျန်နေခဲ့တဲ့စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ ညီမဖြစ်သူထံကို စားနပ်ရိက္ခာပြန်သွားပို့တဲ့ ဒေသခံတစ်ဦးဟာ စစ်ကောင်စီဘက်ကပစ်ခတ်ခဲ့တာကြောင့် လက်မောင်းထိမှန်ဒဏ်ရာရခဲ့တယ်လို့ချင်းလူ့အခွင့်အရေးအဖွဲ့များထံကသိရပါတယ်။

 

 

ပစ်ခတ်ခံရတဲ့ရွာသားဟာ ဒဏ်ရာနဲ့ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။ ပြီးတော့နေအိမ်တွေမှာကျန်ရှိပစ္စည်းတွေလာယူတဲ့ လူတစ်စုလည်းမြို့အဝင်မှာပစ်ခတ်ခံရလို့ထပ်ပြီးထွက်ပြေးခဲ့ရတယ်လို့ချင်းလူ့အခွင့်အရေးကထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

 

 

ဆက်တိုက်ဒီဖြစ်ရပ်တွေကြောင့် ထန်တလန်ဒေသခံတွေအနေနဲ့မြို့မှာဆက်မနေထိုင်ရဲတော့ဘဲနေရပ်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး မြို့ပေါ်မှာ မရွှေ့ပြောင်းနိုင်တဲ့ လူဦးရေ ၁၀ ဦးလောက်သာဆက်လက်နေထိုင်နေတော့တယ်လို့ဒေသခံတွေကပြောပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ

Ref: BBC (ပုံဟောင်း)

SHARE THIS NEWS

OTHER NEWS