29 April 2024

စမွတ်ပရာကန်မြို့၊ ဘန့်ထိုင်း ၁၇ လမ်းရှိ သစ်ပင်တစ်ပင်ပေါ်တွင် အိပ်ပျော်နေသည့်မြန်မာတစ်ဦးကြောင့် ရပ်ကွက်နေပြည်သူများအံ့အားသင့်။

 

သစ်ပင်အမြင့်ပေါ်တွင်မြန်မာအမျိုးသားတစ်ဦးအိပ်ပျော်နေသည်ကိုတွေ့ရ၍ ရပ်ကွက်နေပြည်သူများကအော်ခေါ်ခြင်း၊ ဗြောက်အိုးဖောက်ခြင်းပြုသော်လည်း နိုးမလာခြင်းကြောင့် အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်၍ဘွာလွန်းကယ်ဆယ်ရေးအဖွဲ့ကိုအကြောင်းကြားခဲ့ရသည်ဟု v2maungprakarn သတင်းစာမျက်နှာကဖော်ပြထားသည်။

 

ကယ်ဆယ်ရေးတန်ထမ်းများရောက်လာသည့်အခါ အိပ်ရေးဝသွားသောယင်းအမျိုးသား နိုးလာပြီး သစ်ပင်ပေါ်မှဆင်းလာကအိပ်ချင်းမူးတူးဖြင့်ထွက်ခွာသွားသည်ဟု ဆိုသည်။

 

မည်သည့်အကြောင်းကြောင့် သစ်ပင်အမြင့်ပေါ်တက်အိပ်ရသည်ကို ရပ်ကွက်နေပြည်သူများက အံ့အားသင့်နေကြသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS