29 April 2024

နွန်ထဘူရီတွင် မြန်မာအမျိုးသား မောင်းနှင်လာသောမော်တော်ဆိုင်ကယ် တိမ်းမှောက်၍ နေရာတွင် သေဆုံး
.
ဩဂုတ် ၂၇ ရက်၊ ၂၀၂၃
.
ယမန်နေ့ည ၂ နာရီခွဲအချိန်တွင် မြန်မာအမျိုးသားတဦး‌ မောင်းနှင်လာသော မော်တော်ဆိုင်ကယ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းမှာ နေရာတွင် သေဆုံးခဲ့သည်ဟု ထိုင်းရတ်သတင်းဌာန က ဖော်ပြထားသည်။
.
နွန်ထဘူရီခရိုင်၊ ပါကရက်မြို့နယ်၊ ပါကရက်မြို့ရှောင်လမ်းပေါ်ရှိ ဘန်ဖွတ်ချောင်းပေါင်းကူးတံတားအနီးတွင် တိမ်းမှောက်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသည် တီဝါနွန်လမ်းခွဲနှင့် ၂ ကီလိုမီတာခန့် ကွားဝေးသည်ဟု ဖော်ပြ ထားသည်။
.
မော်တော်ဆိုင်ကယ်ကို အရှိန်ဖြင့်မောင်းနှင်လာခြင်းကြောင့် လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ဟန်ချက်ပျက်ကာ တိမ်းမှောက်သွားခဲ့ပြီး လူသွားစင်္ကြန်စောင်းဖြင့်စောက်မိရာက ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
.
အခင်းဖြစ်ပွားရာနေရာတွင် စမွတ်ဆာခွန်လိုင်စင် ကာဝါဆာကီ နင်ဂျာ မော်တော်ဆိုင်ကယ်တစီးနှင့် အသက် ၂၀ နှစ် မှ ၂၅ နှစ်ခန့်ရှိမည့် မြန်မာအမျိုးသားတဦး၏ ရုပ်လောင်းကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
.
Photo: นคร 002
.

SHARE THIS NEWS

OTHER NEWS