4 May 2024

မြို့တော်ဗန်ကောက်တွင် ကမ္ဘာကျော်အဝတ်အစားဘရန်းတစ်ခုက လစာ ၃၅,၀၀၀ ဘတ်ကမ်းလှမ်း၍ တံခါးစောင့်ဧည့်ကြိုဝန်ထမ်း ၃ နေရာ ခေါ်ယူ။

မြို့တော်ဗန်ကောက်တွင် ကမ္ဘာကျော်အီတလီအဝတ်အထည်ဘရန်းတစ်ခုဖြစ်သော “Gucci” ၏ အရောင်းဆိုင်တွင် အလုပ်ခန့်ရန်အတွက် တံခါးစောင့်ဧည့်ကြိုးဝန်ထမ်း ၃ ဦးခေါ်ယူနေသည်ဟု လူမှုကွန်

ရက်အကောင့်တစ်ခုတွင်ဖော်ပြထားသည်။

ကမ္ဘာကျော်ဈေးဝယ်စင်တာကြီးများဖြစ်သော Siam Paragon ဆိုင်ခွဲတွင် ၂ ဦး၊ Icon Siam ဆိုင်ခွဲတွင် ၁ ဦး ခေါ်ယူနေသည်ဟု ဖော်ပြထားသည်။

တဆက်တည်းတွင် လုပ်ခလစာကို ဘတ် ၃၅,၀၀၀ (Tip မပါ) အထိပေးထားပြီး ဝန်ထမ်းလူသားများ အတွက် မက်မောလောက်ဖွယ်ရာ ကိန်းဂဏန်းဖြစ်သည်ဟု ဆိုသည်။

အရပ် ၁၇၅ စင်တီမီတာနှင့်အထက်၊ အင်္ဂလိပ် (TOEIC ) အမှတ် ၇၅၀၊ တရုတ်ကစားပြော HSK4 အဆင့် အောင်မြင်ထားသူ အမျိုးသားဝန်ထမ်းခေါ်ယူနေသည်ဟု သိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS