28 April 2024

နွေဦးတော်လှန်ရေးတွင် အမေရိကန် ပါဝင်လာပြီးနောက် တရုတ်အပေါ် ခြိမ်းခြောက်မှုဖြစ်လာ
.
ဇွန် ၂၁ ရက်၊ ၂၀၂၃
.
နေပြည်တော်နှင့်အနီးကပ်ဆုံး စစ်မြေပြင်ဖြစ်၍ စစ်မဟာဗျူဟာအရ အရေးပါသော ကရင်နီပြည်နယ် တွင် ကမ္ဘာကျော်သူဌေးကြီး Elon Musk ပံ့ပိုးမှုဖြင့် Starlink အင်တာနက်စတင်အသုံးပြုနိုင်ပြီဟု Free Burma Ranger (FBR)အဖွဲ့ကို တည်ထောင်သူ David Eubank က ဇွန်လ ၈ ရက်နေ့တွင် ၎င်း၏ တွစ်တာလူမှုကွန်ရက်မှာတဆင့် ပြောကြားခဲ့သည်။
.
Starlink အင်တာနက်ကူညီပေးသည့် ကမ္ဘာကျော်သူဌေးကြီး Elon Musk နှင့် ၎င်း၏ကုမ္ပဏီကို ကျေးဇူးတင်ကြောင်း David Eubank က ရေးသားထားသည်။
.
တဆက်တည်းတွင် “ငါတို့ အခု ၇၃ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်မှာ ၂၀၂၁ စစ်အာဏာ သိမ်းမှုဖြစ်ပြီးနောက် တိုက်ခိုက်မှုတွေ အကြီးအကျယ်ကြုံနေရတယ်။ လူသုံးသန်းလောက် ထွက်ပြေး နေရတယ်။ ရွာပေါင်းသုံးသိန်းလောက် စီးနင်းခံရတယ်။ ရွာအချို့ ဗုံးကြဲခံနေရတယ်။ ငါတို့ဆီမှာ နေရပ် စွန့်ခွာထွက်ပြေးရတဲ့သူတွေများနေပြီ” ဟု ဖော်ပြထားသည်။
.
လွန်ခဲ့သော ဇွန်လ ၁ ရက်နေ့ ည ၇ နာရီအချိန်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း၏ကောင်းကင်ယံအထက်တွင် ဂြိုလ်တုတန်းဟုယူဆရသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ည ၁၁ နာရီခွဲအချိန်တွင် ထိုင်းအမျိုးသားနက္ခတာရာသုတေသနဌာနက စစ်ဆေးကြည့်ရာတွင် အင်တာနက်ဝန်ဆောင်မှုပေးသော SpaceX ၏ Starlink 6-3 ဂြိုလ်တု ၂၂ လုံးဖြစ်သည်ဟု အတည်ပြုခဲ့ကြောင်း Top News သတင်းဌာန ကဖော်ပြထားသည်။
.
ထို့နောက် ဇွန်လ ၈ ရက်နေ့တွင် David Eubank ၏ သတင်းထွက်ပေါ်လာပြီးနောက် Elon Musk ၏ Starlink ဂြိုလ်တုများဖြစ်သည်ကို ထိုင်းဘက်မှ အတည်ပြုနိုင်ခဲ့သည်။
.
အမေရိကန်အစိုးရက ခွင့်ပြုပါက ကမ္ဘာပေါ်ရှိမည်သည့်နေရာကိုမဆို Starlink အင်တာနက်ဝန်ဆောင်မှု ပေးသွားမည်ဟု Elon Musk က ဆိုခဲ့ဖူးပြီး အမေရိကန်အစိုးရထံမှ ခွင့်ပြုချက်ရရှိခြင်းကြောင့် ကရင်နီ ပြည်နယ်တွင် ဝန်ဆောင်မှုပေးနိုင်ခြင်းဖြစ်သည်ဟု ထိုင်း Top News သတင်းဌာနက သုံးသပ်ထားသည်။
.
အဆိုပါ သတင်းထွက်ရှိလာပြီးနောက်တွင် ထိုင်းနယ်စပ်လုံခြုံရေးကိုအကြောင်းပြပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီး အလွတ်သဘောအစည်းအဝေးတစ်ရပ်ကို ကျင်းပရန် အာဆီယံ နိုင်ငံများသို့ အပူတပြင်း စာပို့အကြောင်းကြားခဲ့သည့်သတင်းထွက်ပေါ်လာခဲ့သည်။
.
ယင်းအစည်းအဝေးကို အင်ဒိုနီးရှား၊ စင်္ကာပူနှင့်မလေးရှားနိုင်ငံတို့က ကန့်ကွက်ခဲ့သလို အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကလည်း ကန့်ကွက်ခဲ့၍ လိုသလောက်ခရီးမပေါက်သည်ကို တွေ့ရသည်။
.
အမေရိကန်စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ David Eubank တည်ထောင်ထားသော Free Burma Ranger အဖွဲ့သည် ၂၀၀၇ ခုနှစ်တွင် စစ်ဘေးရှောင်ပြည်သူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရန် စတင်လှုပ်ရှားခဲ့သည်ဟု Top News ကဖော်ပြထားသည်။
.
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ၁ နှစ်ခန့်အကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် Free Burma Ranger အဖွဲ့က တော်လှန်ရေးတပ်သားများအား စစ်ပညာသင်းကြားပေးနေသည့်ဓာတ်ပုံများကို ၎င်းတို့၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြလာသည်ဟု Top News ကဆက်လက်ဖော်ပြ ထားသည်။
.
Free Burma Ranger အဖွဲ့၏လှုပ်ရှားမှုများသည် ချင်းမိုင်မြို့တွင် ဖွင့်လှစ်ထားသော အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးနှင့်ချိတ်ဆက်မှုရှိနိုင်ပြီး တရုတ်အတွက်ခြိမ်းခြောက်မှုဖြစ်လာနေသည်ဟု ထိုင်းနိုင်ငံရေးသမားတစ်ဖြစ်သူ ထိုင်ကော် (Thaikorn) က သုံးသပ်ထားသည်။
.
ထို့ကြောင့် ကရင်နီ Starlink သတင်းထွက်ပေါ်လာပြီးနောက်တွင် တရုတ်အစိုးရအား မျက်နှာယူလိုသော ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ကို ပြာယာခတ်သွားစေခဲ့ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး ခေါ်ယူရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ထိုင်ကော် က သုံးသပ်ထားသည်။
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS