29 April 2024

ဩဂုတ် ၂၆ ရက်၊ ၂၀၂၁

 

အနီရင့်ရောင်ဇုန်သတ်မှတ်ခံထားရသည့် ၂၉ ခရိုင်တွင် ဆိုင်ထိုင်စားခွင့်ပြုရန်နှင့်ညမထွက်ရ အမိန့်ကို၁ နာရီ လျှော့ချရန် ထိုင်းနိုင်ငံ

ကိုဗစ်-၁၉ စီမံအုပ်ချုပ်ရေးကော်မတီခွဲက ယနေ့မနက်အစည်းအဝေးတွင် သဘောတူ။

 

ထိုင်နိုင်ငံအတွင်းရှိ အနီရင့်ရောင်ဇုန်သတ်မှတ်ခံထားရသည့် ခရိုင် ၂၉ ခုတွင် ဆိုင်ထိုင်စားခွင့်ပြုရန်နှင့် ညမထွက်ရ ကာဖြူးအမိန့်ကို

၁ နာရီလျှော့ချရန် ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေစီမံအုပ်ချုပ်ရေးကော်မတီခွဲက ယနေ့မနက်တွင်ကျင်းပသည့်ကော်မတီပုံမှန်

အစည်းအဝေးတွင် သဘောတူညီခဲ့သည်ဟုသတင်းရရှိသည်။

 

ဆိုင်ထိုင်စားခွင့်ပြုရာတွင် လေအေးပေးစက် (အဲယားကွန်း) တပ်ဆင်ထားသော သို့မဟုတ် ဖွင့်ထားသော ဆိုင်နှင့် မတပ်ဆင်ထားသော

သို့မဟုတ် မဖွင့်ထားသော ဆိုင်ဟူ၍ ၂ မျိုးခွဲခြားထားသည်ဟု ဆိုသည်။

 

လေအေးပေးစက်တပ်ဆင်/ဖွင့်ထားသောဆိုင်များတွင် ဆိုင်ထိုင်ခုံ၏ ၅၀ ရာခိုင်နှုန်းကို ဆိုင်ထိုင်စားခွင့်ပြုမည်ဟု ဖော်ပြထားသည်။

 

လေအေးပေးစက်မတပ်ဆင်ထားသော/မဖွင့်ထားသောဆိုင်များတွင် ထိုင်ခုံ ၇၀ ရာခိုင်နှုန်းဆိုင်ထိုင်စားခွင့်ပြုမည်ဟု သိရသည်။

 

သို့သော် ဆိုင်ထိုင်စားခွင့်ပြုရာတွင် ဆိုင်ဝန်ထမ်းများအချိန်ပြည့်မတ်စ်တပ်ထားခြင်း၊ လှမ်းအော်၍အစားအသောက်မှာယူမှုမပြုခြင်း၊

ဝိုင်းဖွဲ့မှုမပြုခြင်း၊ လက်သန့်ဆေးရည်ဖြင့်လက်ဆေးကြောခြင်း စသည့်ပြည်သူ့ကျန်းမာရေးအစီအမံများအောက်တွင် ဖွင့်လှစ်ရမည်

ဟု ဆိုသည်။

 

ညမထွက်ရ ကာဖြူးအမိန့်ကို ယခင် ည ၉ နာရီ မှ နံနက် ၄ နာရီသတ်မှတ်ထားရာတွင် ည ၁၀ နာရီ မှ နံနက် ၄ နာရီအဖြစ် ပြောင်းလဲ

သတ်မှတ်၍ ၁ နာရီလျှော့ချရန် သဘောတူခဲ့သည်ဟု သိရသည်။

 

အထက်ပါ အဆိုပြုချက် ၂ ရပ်အပါအဝင်အခြားအဆိုပြုချက်များကို မနက်ဖန် ဗဟိုကော်မတီအစည်းအဝေးတွင် အဆိုပြုတင်ပြပြီး

သဘောထားမှတ်ချက်ရယူသွားမည်ဟု ဆိုသည်။

 

အနီရင့်ရောင်ဇုန်သတ်မှတ်ထားသည့် ခရိုင် ၂၉ ခုတွင် မြို့တော်ဗန်ကောက်၊ ကန်ကျနဘူရီ၊ ချွန်ဘူရီ၊ ချချုံဆောင်၊ တာ့ခ်၊ နခေါ်ပထုမ်၊

နခေါ်နာယွတ်၊ နခေါ်ရတ်ချစီးမာ၊ နရာသီဝ၊ နွန်ထဘူရီ၊ ပထုမ်ဌာနီ၊ ပရာကျွမ်ခီရီခန်း၊ ပရာကျင်ဘူရီ၊ အယုဒ္ဓယာ၊ ဖစ်ဘူရီ၊ ပတ္တာနီ၊

စ်ချဘွန်၊ ယလာ၊ ရယောင်း၊ ရတ်ချဘူရီ၊ လွပ်ဘူရီ၊ စုန်းခလာ၊ စင်းဘူရီ၊ စမွတ်ပရာကန်၊ စမွန်စုန်ခရမ်၊ စမွတ်ဆာခွန်၊ စရာဘူရီ၊

စူဖန်ဘူရီ၊ အန်ထောင်းစသည့်ခရိုင်များပါဝင်သည်။

SHARE THIS NEWS

OTHER NEWS