26 April 2024

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၁

 

ဂျပန်မီးရထားမှလက်ဆောင်ပေးသည့် ဂျပန်ကျဒီဇယ်မီးရထား ၁၇ စင်း သယ်သူပို့ဆောင်ခမြင့်မားလွန်း၍ ပြည်သူများဝေဖန်သည့်အပေါ်

ထိုင်းမီးရထားပြန်လည်ဖြေရှင်း။

 

ဂျပန်မီးရထား (JR ဟော့ကိုင်ဒို) မှ ထိုင်းမီးရထားအား လက်ဆောင်ပေးသော ဒီဇယ်မီးရထား ၁၇ စင်းကို ထိုင်းနိုင်ငံသို့သယ်ဆောင်လာရန်

ကုမ္ပဏီတစ်ခုကို ဘတ် ၄၂.၂၅ သန်းဖြင့် ငှားရမ်းလိုက်သည့်ဟုထိုင်းမီးရထားက ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာ

လိုက်သည့်အပေါ် ထိုင်းပြည်သူများက ပြင်းပြင်းထန်ထန်ဝေဖန်ကြပြီးနောက် ယမန်နေ့တွင် ထိုင်းမီးရထား ပြန်ကြားရေးမှူးမှ ပြန်လည်

ဖြေရှင်းချက်ပေးခဲ့သည်ဟု သိရသည်။

 

 

အဆိုပါ ဂျပန်ကျမီးရထားများသည် ၁၉၈၁ ခုနှစ်ကတည်းကစတင်ခုတ်မောင်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်ပြေးဆွဲမှုရပ်ဆိုင်းခဲ့သော်လည်း

ကောင်မွန်စွာပြုပြင်ထိန်းသိမ်းထား၍ ပျက်ဆီးခြင်းမရှိသေးကြောင်း၊ သယ်ယူပို့ဆောင်ခ ဘတ် ၄၂.၂၅ သန်းသာကုန်ကျကြောင်း၊

၎င်းမီးရထားတွဲများရောက်ရှိလာပြီးနောက် ထိုင်းမီးရထားမှ အရည်အသွေးစစ်ဆေးမှုပြုလုပ်ပြီး ထိုင်းမီးရထားစနစ်နှင့်အဆင်ပြေအောင်

ပြင်ဆင်မည်ဖြစ်ကြောင်း၊ ကနဦးတွင် ခရီးသွားမြှင့်တင်ရေးတွင်အသုံးပြုပြီး ပြည်တွင်းစီးပွားရေးကို လှုံ့ဆော်မည်ဖြစ်ကြောင်း ရှင်းချက်

ပေးသည်။

 

 

ယခင်ကလည်း ဂျပန်မီးရထား (JR ဟော့ကိုင်ဒို) ထံမှ ဂျပန်ကျရထားတွဲဆိုင်း ၁၀ တွဲလက်ခံရရှိခဲ့ပြီး ပြည်တွင်း၌ပြင်ဆင်မှုပြုလုပ်ပြီးနောက်

ခရီသွားလုပ်ငန်းတွင် ပြေးဆွဲပေးလျက်ရှိကြောင်း၊ ယခုချုပ်ဆိုလိုက်သည့် သယ်ယူပို့ဆောင်ခသည် ထိုင်းမီးရထား၏ လုပ်ထုံးလုပ်နည်းများ

နှင့်အညီလုပ်ဆောင်ထားကြောင်း ၎င်းကထပ်မံရှင်းပြသည်။

 

ထိုင်းမီးရထားကို ၁၈၉၀ ခုနှစ် အောက်တိုဘာလတွင်စတင်တည်ထောင်ခဲ့ပြီး သက်တမ်းအားဖြင့် ၁၃၁ နှစ်ရှိလာပြီဟု သိရသည်။

SHARE THIS NEWS

OTHER NEWS