26 April 2024

,

တိုကျိုအိုလံပစ်ပြိုင်ပွဲပြီးဆုံး အမေရိကန်နိုင်ငံကဆုတံဆိပ်အများဆုံးနဲ့ဗိုလ်ဆွဲ

■တိုကျိုအိုလံပစ်ပြိုင်ပွဲပိတ်ပွဲအခမ်းအနားကို ဩဂုတ်လ ၈ ရက် ညနေခင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အိုလံပစ်ပြိုင်ပွဲ၂၀၂၄ ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ပြင်သစ်နိုင်ငံကို အလံလွှဲအပ်ပြီး မီးရှူးမီးပန်း တွေပစ်ဖောက်ပြီး ခမ်းခမ်းနားနားပဲ ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်နေ့ကနေ ဩဂုတ် ၈ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ လောက်က အားကစားသမားပေါင်း ၁၁,၀၀၀ ကျော်ဟာ အားကစားနည်း ၃၃ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုမှာတော့ အမေရိကန်နိုင်ငံက ရွှေတံဆိပ် ၃၉ခု ငွေတံဆိပ် ၄၁ ခု ကြေးတံဆိပ် ၃၃ ခု စုစုပေါင်း ဆုတံဆိပ် ၁၁၃ခုနဲ့ ဗိုလ်ဆွဲခဲ့ပြီးတော့ မဟာပြိုင်ဘက် တရုတ်နိုင်ငံကတော့ ရွှေတံဆိပ် ၃၈ခု ငွေတံဆိပ် ၃၂ခုနဲ့ကြေးတံဆိပ် ၁၈ ခု စုစုပေါင်း ဆုတံဆိပ် ၈၈ခုနဲ့ ဒုတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်က ရွှေ ၁ ခု၊ ငွေ ၂ ခု ၊ ကြေး ၁ ခု စုစုပေါင်း ဆုတံဆိပ် ၄ခုနဲ့ နိုင်ငံအလိုက် အဆင့် ၅၀ ၊ အင်ဒိုနီးရှားက ရွှေ ၁ ခု၊ ငွေ ၁ ခု ၊ ကြေး ၃ ခု စုစုပေါင်း ဆုတံဆိပ် ၅ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၅၅ ၊ ထိုင်းက ရွှေ ၁ ခု၊ ကြေး ၁ ခု နဲ့ နိုင်ငံအလိုက် အဆင့် ၅၉ ၊ မလေးရှားက ငွေ ၁ ခု၊ ကြေးတံဆိပ် ၁ ခုရပြီး နိုင်ငံအလိုက် အဆင့် ၇၄ မှာ အသီးသီးရပ်တည်နိုင်ခဲ့ကြတာပါ။

မြန်မာကတော့ အားကစားနည်းနှစ်မျိုးမှာ အားကစားသမားနှစ်ဦးပဲပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီးတော့ ဆုတံဆိပ်ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပါဘူး။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

#Sportinsight #Sport #Football #PremierLeague #EPL #La_Liga #Serie_A

SHARE THIS NEWS

OTHER NEWS