3 May 2024

,

ထိုင်းတောင်ပိုင်းတွင် မွေးဂဏန်းပိုင်ရှင်တဦး ဘတ် ၆ သန်း ကံထူး
.
ဩဂုတ် ၁၈ ရက်၊ ၂၀၂၃
.
လွန်ခဲ့သော ဩဂုတ်လ ၁၆ ရက်နေ့ (၂၀၂၃) က ထိုင်းတောင်ပိုင်း နခွန်စီးဓမ္မရတ်ခရိုင်၊ စီချွန်မြို့နယ်တွင် နေထိုင်သော အသက် ၄၈ ရှိ စွန်းထော် ဆိုသူ ကုန်စုံဆိုင်ပိုင်ရှင်တဦးက ၎င်း၏မွေးဂဏန်းမှ ပထမဆု ဘတ် ၆ သန်း ကံထူးခဲ့သည်ဟု မတစ်ချွန်သတင်းဌာန က ဖော်ပြထားသည်။
.
သူ၏ မော်တော်ဆိုင်ကယ်နံပါတ်ဖြစ်သော “၈၂၈၂” ဂဏန်းကို ကောက်ပြီး “၈၂” နောက်ပိတ်ဂဏန်း ထီလက်မှတ်များကို မွေးဂဏန်းအဖြစ် ၅ လကြာ ကံစမ်းခဲ့ပြီးနောက် “၄၇၁၇၈၂” ဂဏန်းဖြင့် ဘတ် ၆ သန်း ကံထူးခဲ့ခြင်းဖြစ်သည်ဟု ကံထူးရှင်က ဆိုသည်။
.
လွန်ခဲ့သောအပတ်တွင် ထီသည်တဦးထံမှ “၈၂” နောက်ပိတ်ထီလက်မှတ် ၁၀ စောင်အထိ ဝယ်ယူခဲ့ ရာက ပထမဆု ဘတ် ၆ သန်းအပြင် အနောက်သုံးလုံးတူ ၁ စောင်ပါ ကံထူးခဲ့သည်ဟု ဆိုသည်။
.
ထီဆုငွေများကို ဆိုင်ခန်းပြန်လည်ပြုပြင်ရန်အတွက် အသုံးပြုမည်ဖြစ်ပြီး သားဖြစ်သူ ဆံပင်ညှပ် ဆိုင်ဖွင့်နိုင်ရန် အရင်းထုတ်ပေးမည်ဟု ဆိုသည်။
.
Photo: Matichon News

SHARE THIS NEWS

OTHER NEWS