29 April 2024

ထိုင်းအလုပ်သမားဝန်ကြီးမိသားစု ပိုင်ဆိုင်မှု ဘတ် ၇၄၀ သန်းအထိ မြင့်မား
.
ဇူလိုင် ၆ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံ၏ဥပဒေအရ အမတ်နေရာ/နိုင်ငံရေးရာထူးမှ ကင်းလွတ်သွားသောအခါ ထိုင်းအမျိုးသား အဂတိလိုက်စားမှု တားဆီးနှိမ်နင်းရေး ကော်မရှင်ထံ ပိုင်ဆိုင်မှုများကို ချပြရသည်ဟု သိရသည်။
.
အဆိုပါ ဥပဒေအရ မကြာမီ ထိုင်းအလုပ်သမားဝန်ကြီးရာထူးမှ ကင်းလွတ်တော့မည့် ထိုင်းအလုပ် သမားဝန်ကြီးစူချတ် ချွမ်ကလင်မိသားစု၏ ပိုင်ဆိုင်မှုကို ထိုင်းအမျိုးသား အဂတိလိုက်စားမှု တားဆီးနှိမ် နင်းရေးကော်မရှင်က ယနေ့မနက်ပိုင်း က အများပြည်သူကို ချပြခဲ့သည်။
.
ထိုသို့ချပြခဲ့ရာတွင် ထိုင်းအလုပ်သမားဝန်ကြီးမိသားစု၏ပိုင်ဆိုင်မှုသည် ဘတ်သန်း ၇၄၀ အထိမြင့်မားနေ သည်ကို တွေ့ရှိရသည်။
.
အဆိုပါ ပိုင်ဆိုင်မှုများအနက် ထိုင်းအလုပ်သမားဝန်ကြီးက စုစုပေါင်း ဘတ် ၂၉၅ သန်းပိုင်ဆိုင်ထားပြီး ဇနီးဖြစ်သူက ဘတ် ၄၄၅ သန်းကျော် ပိုင်ဆိုင်ထားသည်ဟု ဖော်ပြထားသည်။
.
၎င်းတို့၏ပိုင်ဆိုင်မှုပစ္စည်းများတွင် မြေကွက် ၁၀၁ ကွက်၊ နေအိမ်အဆောက်အဦ ၁၇ လုံး၊ မော်တော် ယာဉ် ၁၇ စီး၊ တန်ဖိုးကြီးလက်ပတ်နာရီ ၄ လုံး၊ စိန်လက်စွပ်၊ ဘရန်းနိမ်းအမျိုးသမီးစလင်းဘက်အိတ် စသည်တို့ ပါဝင်သည်ဟု ဖော်ပြထားသည်။
.

SHARE THIS NEWS

OTHER NEWS