27 April 2024

ရက်ပေါင်း ၁၁ ရက်အတွင်း ထိုင်းနိုင်ငံတွင်အိုမီခရွန်ကူးစက်မှု ခရိုင် ၃၃ အထိလျင်လျင်မြန်မြန်ကျယ်ပြန့်လာ။

 

ပြီးခဲ့သည့် ၁၁ ရက်ကြာကာလအတွင်း ထိုင်းနိုင်ငံတွင်အိုမီခရွန်ကူးစက်မှုသည် လျင်လျင်မြန်မြန်မြင့်တက်လာကာ စုစုပေါင်းအတည်ပြုလူနာဦးရေ ၇၄၀ ဦးရှိလာပြီး ယင်းလူနာများသည် ခရိုင် ၃၃ ခုတွင်တွေ့ရသည်ဟု သိရသည်။ ယင်းအနက် ၁၉ ခရိုင်သည်ပြည်တွင်းကူးစက်မှုဖြစ်သည်။

 

မြို့တော်ဗန်ကောက်တွင် ၂၇၇ ဦးအဖြစ်အမြင့်ဆုံးတွေရှိရပြီး ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ကာလစင်းခရိုင်တွင် ၁၂၁ ဦးအဖြစ်ဒုတိယအများဆုံးတွေ့ရသည်။

 

ထိုင်းနိုင်ငံတွင် အိုမီခရွန်ကူးစက်ခံရသူတွေ့ရှိနှုန်းမှာ လွန်ခဲ့သည့် (၂) ရက်အတွင်း တရှိန်ထိုးမြင့်တက် သွားပြီး ကာလာစင်းခရိုင်တွင် ဒီဇင်ဘာလ (၁၀) ရက်နေ့က အိုမီခရွန်တွေ့ရသော ဘယ်လ်ဂျီယံမှ ပြန်လာသည့် စုံတွဲတစ်တွဲနှင့်ဆက်စပ်ပြီး ခရိုင် ၁၂ ခုမှ ရာနှင့်ချီသောလူများကို ကူးစက်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

 

 

အဆိုပါစုံတွဲသည် နေရာပေါင်းများစွာကို သွားလာခဲ့ပြီး ၎င်းတို့သွားလာခဲ့သည့် အချို့သော စားသောက် ဆိုင် များမှာဆိုင်ပြည့်နီးပါး လူစည်ကားသည့်နေရာများဖြစ်သည်ဟု သိရသည်။

 

ယခင် COVID 19 ဗီဇမျိုးကွဲများထက် ကူးစက်မှုပို၍မြန်ဆန်လွန်းသည့် အိုမီခရွန်မှာ လက်ရှိတွင် နိုင်ငံပေါင်း ၁၀၈ နိုင်ငံသို့ ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။

 

တသင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS