9 May 2024

ဓာတ်ပုံ องการเภสัชกรรม

 

အောက်တိုဘာ ၅ ရက်၊ ၂၀၂၁

 

လာမည့်အောက်တိုဘာ ၁၈ ရက်နေ့မှစ၍ ထိုင်းဆေးဝါးအဖွဲ့ချုပ်မှဖွင့်လှစ်ထားသည့် ဗန်ကောက်မြို့အတွင်းရှိဆေးဆိုင် ၈ ခုတွင် ကိုဗစ်-၁၉ စစ်ဆေးကိရိယာ ATK တစ်စုံကို ဘတ် ၄၀ ဖြင့်ရောင်းချပေးမည်။

 

ထိုင်းဆေးဝါးအဖွဲ့ချုပ် (GPO) မှ ထိုင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးရုံး (FDA) ထောက်ခံချက်ရရှိထားသော ကိုဗစ်-၁၉ ကိုယ်တိုင်စစ်ဆေးကိရိယာ ATK အစုံ ၂ သန်းကို မှာယူထားပြီးလာမည့်အောက်တိုဘာ ၁၈ ရက်နေ့တွင် အဖွဲ့ချုပ်မှဖွင့်လှစ်ထားသော ဗန်ကောက်တွင်းဆေးဆိုင် ၈ ခု တွင် တစ်စုံလျှင် ဘတ် ၄၀ နှုန်းဖြင့် အများပြည်သူကိုရောင်းချပေးမည်ဟု အဖွဲ့ချုပ်လက်ထောက်ညွှန်ကြားရေးမှူးကဆိုသည်။

 

 

ဈေးကွက်လိုအပ်ချက်ရှိပါက ထပ်မံရောင်းချပေးသွားရန်ရှိပြီး အနာဂတ်တွင် အွန်လိုင်းမှတဆင့်ရောင်းချရန်စီစဉ်ထားသည်ဟု ဆိုသည်။

 

ဝယ်ယူလိုသည့်ပြည်သူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များတွင်ဆက်သွယ်ဝယ်ယူနိုင်သည်ဟု သိရှိရသည်။

 

0-2203-8847၊ 0-2203-8849၊ 0-2222-5931၊ 0-2225-6367၊ 0-2412-9377၊ 0-2282-0729၊ 0-2536-3526၊ 0-2536-4086၊ 0-2951-0925၊ 0-2590-6034၊ 0-2354-9061၊ 0-2143-8768။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS