6 May 2024

,

နံပါတ်တိုင်းမှာ အဓိပ္ပါယ်သက်ရောက်မှုကိုယ်စီရှိကြပါတယ် ဒီနေ့တော့ ဖုန်းနံပတ်နောက်ပုံဂဏန်းကပြောတဲ့ အားသာချက် အားနည်းချက်တွေကို ဖေါ်ပြသေးသွားမှာဖြစ်ပါတယ်။

 နောက်ပိတ် ၀ 

အားသာချက် : 0 ဖြင့်အဆုံးသတ်တဲ့ဖုန်းနံပါတ်ကို ပိုင်ဆိုင်ထားကြသူတွေ ဟာလွတ်လပ်မှုကိုရည်ညွှန်းတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။ ကိုယ်ပိုင်အရေအချင်း အတွေးအခေါ်ရှိတဲ့သူတွေ ကိုကိုယ်စားပြုတဲ့ ဂဏန်းဖြစ်ပါတယ်။

အားနည်းချက် : 0 ဂဏန်းဟာအချို့သူတွေအတွက် ပျော်ရွှင်မှုကို လျော့နည်းစေတဲ့ ဂဏန်းဖြစ်ပါတယ်။ အလုပ်တွေ ကိုထိခိုက်ပြီး လဘ်ပိတ်စေတဲ့ဂဏန်းလို့လည်းယူဆကြပါတယ်။

နောက်ပိတ် ၁  

အားသာချက်  ၁ ဖြင့်အဆုံးသတ်တဲ့ဖုန်းနံပါတ်ကို ပိုင်ဆိုင်ထားကြသူတွေဟာ ရည်မှန်းချက်ခိုင်မာပြီး ခေါင်းဆောင်မှုအပြည့်အဝရှိတဲ့သူတွေကို ရည်ညွှန်းပါတယ်။

အားနည်းချက် ၁ ကိုနေရာမှားမှာထားမိရင်တော့ ပိုင်ဆိုင်ထားရ သူကိုဆိုးသွမ်းစေတယ် စိတ်ကြီးစေပါတယ်။

နောက်ပိတ် 

အားသာချက် :  ၂ ဖြင့်အဆုံးသတ်တဲ့ ဖုန်းနံပါတ်ကို ပိုင်ဆိုင်ထားကြတဲ့သူတွေဟာ ချစ်စရာကောင်းပြီး အခြားသူကို စာနာစေပါတယ် မြင်သူတိုင်းချစ်ခင် သနားစေပါတယ်။

အားနည်းချက် ၂ ကိုနေရာမှားမှာထားမိရင်တော့  ပိုင်ဆိုင်ထားရသူတွေအနေနဲ့ အချစ်ရေးမသာယာခြင်း စိတ်ပင်ပန်းရ ခြင်းတို့နှင့် ကြုံတွေ့ရနိုင်ပါတယ်။

နောက်ပိတ် ၃

အားသာချက် ၃ ဖြင့်အဆုံးသတ်တဲ့ဖုန်းနံပါတ်ကို ပိုင်ဆိုင်ထားကြတဲ့သူတွေဟာ စိတ်ထက်သန်ခြင်း၊ သက်လက်မြန်ဆန် ခြင်း အလုပ်တွေကို လုပ်ဆောင်ရာမှာ ဇွဲလုံးလရှိကြတဲ့သူတွေပါ။

အားနည်းချက် ၃ ကိုနေရာမှားမှာထားမိရင်တော့  ပိုင်ဆိုင်ထားရသူတွေအနေနဲ့ အာဏာမက်မောခြင်း ဒေါသကြီးခြင်း တို့နှင့် ကြုံတွေ့ရနိုင်ပါတယ်။

နောက်ပိတ် ၄ 

အားသာချက် : ၄ ဖြင့်အဆုံးသတ်တဲ့ဖုန်းနံပါတ်ကို ပိုင်ဆိုင်ထားကြတဲ့သူတွေဟာ စီးပွားရေးစကားပြောဆိုတဲ့အခါ အောင်မြင်နိုင်ပါတယ်။ လူတောတိုးစေပါတယ်။

အားနည်းချက် : ၄ ကိုနေရာမှားမှာထားမိရင်တော့  ပိုင်ဆိုင်ထားရသူတွေအနေနဲ့ စကားအလွန်များပြီး ကြားရသူအနေနဲ့ စိတ်မကြည်မလင်ဖြစ်စေပါတယ်။

နောက်ပိတ် ၅  

အားသာချက် ၅ ဖြင့်အဆုံးသတ်တဲ့ဖုန်းနံပါတ်ကို ပိုင်ဆိုင်ထားကြတဲ့သူတွေဟာ အတွေးအခေါ်မြင့်မားသူတွေ ဖြစ်ကြပါတယ်။

အားနည်းချက် ၅ ကိုနေရာမှားမှာထားမိရင်တော့  ပိုင်ဆိုင်ထားရသူတွေအနေနဲ့ စိတ်ဒုက္ခရောက်ခြင်းတို့နှင့် ကြုံတွေ့ရနိုင်ပါတယ်။

နောက်ပိတ် ၆  

အားသာချက်  ဖြင့်အဆုံးသတ်တဲ့ဖုန်းနံပါတ်ကို ပိုင်ဆိုင်ထားကြတဲ့သူတွေဟာ ချစ်စရာကောင်းပြီး မြင်သူတိုင်း ချစ်ခင်ချင်ကြပါတယ်။

အားနည်းချက် ၆ ကိုနေရာမှားမှာထားမိရင်တော့  ပိုင်ဆိုင်ထားရသူတွေအနေနဲ့ ဇိမ်ခံပစ္စည်းများကို စွဲလမ်းခြင်း ငွေဖြုန်းတီး ခြင်းစတဲ့အရာတွေနဲ့ တွေ့ကြုံရနိုင်ပါတယ်။

နောက်ပိတ် ၇

အားသာချက် : ၇ ဖြင့်အဆုံးသတ်တဲ့ဖုန်းနံပါတ်ကို ပိုင်ဆိုင်ထားကြတဲ့သူတွေဟာ စိတ်ရှည်သီးခံပြီး အခက်အခဲတွေကို ကျော်လွှားနိုင်သူတွေဖြစ်ပါတယ်။

အားနည်းချက် : ၇ ကိုနေရာမှားမှာထားမိရင်တော့  ပိုင်ဆိုင်ထားရသူတွေအနေနဲ့ အလုပ်ကြောင်းစိတ်ပင်ပန်းရခြင်း အချစ်ရေးမှာ ကံမကောင်းခြင်းတို့နဲ့ ကြုံရနိုင်ပါတယ်။

နောက်ပိတ် ၈ 

အားသာချက်  ဖြင့်အဆုံးသတ်တဲ့ဖုန်းနံပါတ်ကို ပိုင်ဆိုင်ထားကြတဲ့သူတွေဟာ ဘာကိုမှမကြောက်ရွံ့တတ်သလို မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိကြတဲ့သူတွေဖြစ်ပြီး လူတစ်ကာနှင့် လိုက်ရောညီထွေစွာနေတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

အားနည်းချက် ၈ ကိုနေရာမှားမှာထားမိရင်တော့  ပိုင်ဆိုင်ထားရသူတွေအနေနဲ့ ငွေစုဆောင်ရခက်စေပါတယ်။

နောက်ပိတ် ၉

အားသာချက် : ၉ ဖြင့်အဆုံးသတ်တဲ့ဖုန်းနံပါတ်ကို ပိုင်ဆိုင်ထားကြတဲ့သူတွေဟာ စိတ်ထားအလွန်နူးညံ့ကြတဲ့ သူတွေဖြစ်ပါတယ်။

အားနည်းချက် ၉ ကိုနေရာမှားမှာထားမိရင်တော့ စိတ်နှင့်ခန္ဓာမကပ်ခြင်း စိတ်အားထက်သန်မှုမရှိခြင်းတို့နှင့် ကြုံတွေ့ရနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS