16 May 2024

ဓာတ်ပုံ Khaosod

 

အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၁

 

အကြောင်ရင်းမသိဘဲ အများပြည်သူ၏ဘဏ်အကောင့်မှငွေဖြတ်ခံရသည့်ပြဿနာကိုဖြေရှင်းရန် ယခုသတင်းပတ်အတွင်း ထိုင်းအစိုးရနှင့်ဘဏ်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးမည်။

 

ဘဏ်အကောင့်ငွေစာရင်း၊ ခရက်ဒစ်ကတ်နှင့်ဒေးဘစ်ကတ်တို့နှင့်ချိတ်ဆက်ထားသည့် အပ်လီကေးရှင်းမှတဆင့် အကြောင်းရင်းမသိဘဲငွေဖြတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး အချိန်မီဖြေရှင်းနိုင်ရန်အတွက် ထိုင်းဆက်သွယ်ရေးနှင့်လူမှုစီးပွားဒစ်ဂျစ်တယ်ကော်မရှင် (DES) မှ ယခုသတင်းပတ်အတွင်း ဘဏ်လုပ်ငန်းရှင်များအသင်းအပါအဝင် ထိုင်းဗဟိုဘဏ်နှင့်တွေ့ဆုံပြီး ဆွေးနွေးအဖြေရှာသွားမည်ဟု DES ဥက္ကဋ္ဌ ကလျာ ရွန့်ဝိကျစ်ချိုင် ကဆိုသည်။

 

မသမာဂိုဏ်းများက အများပြည်သူအားခေါင်းပုံဖြတ်ခြင်းနှင့်လိမ်လည်ခြင်းများပြုလုပ်နိုင်သည့် ဟာကွက်များကိုပိတ်ဆို့နိုင်ရန်နှင့်ကာကွယ်နိုင်မည့် အမိန့်နှင့်နည်းဉပဒေများရှိမရှိကို သိရှိနိုင်ရန်၊ ဟာကွက်ရှိခဲ့ လျှင်မည်သည့်နည်းလမ်းဖြင့်ပိတ်ဆို့မည်ကိုထွက်ပေါက်ရှာရန်အတွက် ဆွေးနွေးမညဖြစ်ကြောင်း၊ ယခု ကဲ့သို့ စီးပွားရေးကျပ်တည်းသည့်ကာလတွင် နည်းပညာဖြင့်အများပြည်သူကိုလိမ်လည်ခြင်းသည် ရေနစ်နေသူကိုဝါလုံးဖြင့်ထိုးရာရောက်သည် ဟု သူမကဆက်လက်ပြောကြားသည်။

 

“ဒါအင်မတန်ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်သလို အလွန်အရေးကြီးပါတယ် ပြည်သူတော်တော်များများကိုလည်းနစ်နာမှုဖြစ်စေတယ်။ ဒါ့အပြင် ဒီကိစ္စကိုစစ်ဆေးပေးဖို့ ဌာနဆိုင်ရာနဲ့သတင်းမီဒီယာတွေကို တိုင်ကြားတဲ့သူတွေလည်းရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာကတဆင့်ကျယ်ပြန့်တဲ့လိမ်လည်မှုတွေဖြစ်လာမှာကို ကျမတို့မလိုလားဘူး။ ဒေးဘစ်ကတ်၊ ခရက်ဒစ်ကတ်နဲ့ချိတ်ထားတဲ့အပ်လီကေးရှင်းကတဆင့် ဘဏ်အကောင့်ကနေတိုက်ရိုက်ငွေဖြတ်ယူလို့ရပေမဲ့ အကောင့်ပိုင်ရှင်ရဲ့ခွင့်ပြုချက်ကိုရယူပြီးမှဖြတ်ယူတာဖြစ်သင့်ပါတယ်။ မသိလိုက်ဘဲဖြတ်ယူတာတော့လုံးဝမဖြစ်သင့်ဘူး” ဟု ကလျာ မှတ်ချက် ပေးသည်။

 

တဆက်တည်းတွင် “ဒီကိစ္စမျိုးဟာ အရင်ကလည်းဖြစ်ခဲ့ဖူးပါတယ်။ ကျမတို့မှာလုံခြုံရေးစနစ်ရှိပေမဲ့ နည်းပညာနဲ့လိမ်လည်ပုံလိမ်လည်နည်းတွေကလည်း နေ့စဉ်နဲ့အမျှတိုးတက်ပြောင်းလဲနေတာမို့လို့ ၁၀၀% ကာကွယ်နိုင်ဖို့ခဲ့ရင်းပါတယ်။ ငွေကြေးလုပ်ငန်းရှင်တွေကလည်းကာကွယ်ရေးစနစ်ကို အမြဲမြှင့တင်နေတာပါ။ အခုဖြစ်ပြီးသားကိစ္စမှာတော့ နစ်နာသူတွေကိုအမြန်ဆုံးငွေပြန်ပေးမယ့်ကိစ္စကို ဦးစားပေးထည့်စဉ်းစားဖို့လိုပါတယ်။ အများပြည်သူရဲ့ထိခိုက်မှုကိုအချိန်မီကုစားပေးဖို့လိုအပ်ပါတယ်” ဟု DES ဒုဥက္ကဋ္ဌကဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS