3 May 2024

နရာသီဝခရိုင်ရှိ မီးရှူးမီးပန်းဂိုထောင်ပေါက်ကွဲမှု ၁၂ ဦးသေဆုံး ၁၂၁ ဦး ဒဏ်ရာရရှိ အိမ်ခြေ ၂၉၂ လုံးပျက်စီး
.
ဇူလိုင် ၃၀ ရက်၊ ၂၀၂၃
.
ပြီးခဲ့သော ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝခရိုင်၊ စူငိုင်းကိုလွတ်မြို့ မူနို့ဈေးအနီးတွင်တည်ရှိသော မီးရှူးမီးပန်းဂိုထောင်ရုံတခုပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲအားကြောင့် အနီး အနားရှိ အိမ်ခြေ ၂၉၂ လုံးပျက်စီးခဲ့ပြီး အသက်သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရှိသူ ၁၂၁ ဦးရှိခဲ့သည်ဟု ထိုင်းရတ် သတင်းဌာနက ဖော်ပြထားသည်။
.
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် ဒေသအာဏာပိုင်အဖွဲ့အသီးသီးက ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး အိမ်ခြေမဲ့
ဖြစ်သွားသောဒေသခံများကို အကူအညီပေးအပ်နေသည်ဟု ဖော်ပြထားသည်။
.
Photo: ปูดำนิวส์
.

SHARE THIS NEWS

OTHER NEWS